Eleven Media Group

■ ကမ္ဘောဒီးယားနှင့်ထိုင်းတို့က ရေပိုင်နက်အငြင်းပွားမှုကိုဖြေရှင်းရန် စင်ကာပူအခြေစိုက်ကုလသမဂ္ဂရုံး PAC ၌ ရင်ဆိုင်မည်

ကမ္ဘာရန်ဖြစ်နေသော အိမ်နီးချင်းများဖြစ်သည့် ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် နောက်ဆုံးအငြင်းပွားမှုအဖြစ် တန်ဖိုးကြီး အဏ္ဏဝါအရင်းအမြစ်များနှင့် ပတ်သက်၍ ကာလရှည်အငြင်းပွားနေမှုကို ဖြေရှင်းကြရန် ယခုသီတင်းပတ်ထဲ စင်ကာပူနိုင်ငံတွင် နိုင်ငံတကာကြားဝင်ဖြေရှင်းပေးသူများ၏ ရှေ့မှောက်၌ ရင်ဆိုင်ဖြေရှင်းကြမည်ဖြစ်သည်။

ထိုင်းနိုင်ငံကထိုင်းပင်လယ်ကွေ့တွင် ပူးတွဲကမ်းလွန်စွမ်းအင်ထုတ်ယူမည့် လုပ်ငန်းဆိုင်ရာသဘောတူညီချက်မှ နုတ်ထွက်လိုက်ပြီးနောက် ဖနွမ်ပင်က Permanent Court of Arbitration(PCA) ၌ ကုလသမဂ္ဂကျော‌ထောက်နောက်ခံပြု ကြားဝင်စေ့စပ်‌ပေးရေးလုပ်ငန်းစဉ်ကို အစပြုခဲ့သည်။

၂၀၀၁ နားလည်မှုစာချွန်လွှာသည် ကမ္ဘောဒီးယားနှင့်ထိုင်းတို့က ပိုင်ဆိုင်ကြောင်းပြောကြားထားသည့် ကျယ်ပြန့်ပြီးအရင်းအမြစ်ကြွယ်ဝသော ကီလိုမီတာ ၂၇,၀၀၀ ခန့်ကျယ်ဝန်းသည့် နယ်မြေကို လွှမ်းခြုံထားသည်။

မေလထဲတွင် ဘန်ကောက်က MoU44 ဟုအမည်ပေးထားသောမူဘောင်သဘောတူညီချက်မှ တစ်ဖက်သတ်နုတ်ထွက်လိုက်ပြီး ယင်းသဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုမရှိဟု ပြောကြားခဲ့သည်။

ယင်းသို့ နုတ်ထွက်ခြင်းသည်ကမ္ဘောဒီးယား နှင့်တအုံနွေးနွေးဖြစ်နေသော နယ်စပ်ပဋိပက္ခနှင့်မသက်ဆိုင်ဟု ထိုင်းဝန်ကြီးချုပ် အနုတင်ချမ်းဝီရာကူးလ်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံတစ်ထပ်တည်းကျနေသောရေကြောင်းပိုင်နက်များကိစွကို ဆယ်စုနှစ်နှစ်ခုကျော်စေ့စပ်ဆွေးနွေးထားသော နှစ်နိုင်ငံသဘောတူထားပြီးသား မူဘောင်မှ တစ်ဖက်သတ်အားဖြင့် ထိုင်းနိုင်ငံကနုတ်ထွက်သွားပြီးနောက် က‌မ္ဘောဒီးယားသည် မတတ်သာသည့်အဆုံး ကြားဝင်စေ့စပ်ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ရခြင်းဖြစ်သည်ဟု လွန်ခဲ့သောအပတ်တွင် ပြောကြားခဲ့သည်။

ယခုလို ဆောင်ရွက်ရခြင်းသည် ကမ္ဘောဒီးယား၏အချုပ်အခြာနှင့်ရေပိုင်နက် အခွင့်အရေးများကို အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်အညီ ကာကွယ်ရန် ဖြစ်သည်ဟုကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က ဇွန်လတွင် ပြောကြားခဲ့သည်။

စင်ကာပူရှိ ကမ္ဘာ့သက်တမ်းအရင့်ဆုံးခုံရုံး၏ရုံးခန်းတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များပါဝင်သည့် ငါးဦးပါဖျန်ဖြေရေးအဖွဲ့၏ရှေ့မှောက်တွင် နှစ်နိုင်ငံ၏ကိုယ်စား လှယ်များက သူတို့၏ အဖွင့်ထွက်ဆိုချက်များကို စက်တင်ဘာ ၁၅ ရက်တွင် ထွက်ဆိုကြမည် ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း တက်ရောက်မည်ဟု မျှော်လင့်ရပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီယာဆက်ဖွမ်ခက်ကူးလည်း တက်ရောက်မည်ဟု ခန့်မှန်းရသည်။

၁၈၉၉ ခုနှစ်တွင် တည်ထောင်သော Permanent Court of Arbitration (PCA) သည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး အစိုးချင်း အငြင်းပွားမှုများနှင့် ပုဂ္ဂလိကလုပ်ငန်းချင်း အငြင်းပွားမှုများကို ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂပဋိညာဉ် (UNCLOS)လို ကန်ထရိုက်စာချုပ်များ၊ အထူးသဘောတူညီချက်များ၊ အမျိုးမျိုးသောသဘောတူညီချက်များကို မှီငြမ်းကာ ဖြေရှင်းပေးသည်။

စင်ကာပူရှိ PCA ရုံးသည် သည်ဟိတ်မြို့ အ‌ခြေစိုက်ခုံရုံး၏ပထမဆုံးအာရှရုံးဖြစ်သည်။

ကော်မရှင်၏အကြံပြုချက်များသည် ဥပဒေကြောင်းအရ လိုက်နာရန်တာဝန်မရှိပေ။ ကော်မရှင်၏အကြံပြုချက်များသည် ဆုံးဖြတ်ချက်ချရန် တစ်နှစ်ခန့် အချိန်ယူရသည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group