Myanmar National Post

မြောက်ဥက္ကလာပမြို့နယ် အမှတ်(၆)အခြေခံပညာ နှင့် စက်မှု ၊ စိုက်ပျိုး ၊ မွေးမြူရေး အထက်တန်း ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲဂိမ်းကစားနည်းပြိုင်ပွဲ များပြုလုပ်







မြောက်ဥက္ကလာပ၊ စက်တင်ဘာ  ၁၅

ရန်ကုန်တိုင်းဒေသကြီး၊  မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာ‌ဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေ ဗဟုသုတများဖတ်ရှုပြီး အသိပညာဗဟုသုတ တိုးပွားစေရေးရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ပြိုင်ပွဲဂိမ်းကစားနည်း ပြိုင်ပွဲများကို ယနေ့နံနက်  ၁၁ နာရီ အမှတ်(၆)အခြေခံပညာ နှင့် စက်မှု ၊ စိုက်ပျိုး ၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အမှတ်(၆)အခြေခံပညာ နှင့် စက်မှု ၊ စိုက်ပျိုး ၊ မွေးမြူရေး အထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်ခင်စန်းနွယ်က အမှာစကားပြောကြားခဲ့ပြီး  မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်မြမြ၀င်းက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အသိပညာပေး ဟောပြောပွဲ နှင့် ပြပွဲ၊ပြိုင်ပွဲများကျင်းပ ပြုလုပ်ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က   " စာဖတ်ခြင်းနှင့် ဘ၀မြှင့်တင်ပါ"  ခေါင်းစဉ်ဖြင့် အသိပညာ ဗဟုသုတ များအားအကျယ်တ၀င့် ရှင်းလင်း ဟောပြောခဲ့သည်။

ထို့နောက် ဂိမ်းကစားနည်း ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ အမှတ်(၆)အခြေခံပညာ နှင့် စက်မှု ၊ စိုက်ပျိုး ၊ မွေးမြူရေး အထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူလေးများက  ပါ၀င်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အနိုင်ရရှိသူများကို  တာ၀န်ရှိသူများက  အမှတ်တရ လက်ဆောင်များချီးမြှင့်‌ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် မြို့နယ်ပြန် ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ် ၊ ဗီနိုင်း၊ ပိုစတာများအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။


 သက်လွင်စိုး 

#News #Myanmar

မူရင်းသတင်း — Myanmar National Post