
ဆိုင်ဝန်ထမ်းနှစ်ဦးသေဆုံးခဲ့သည့် Bar 4 U စားသောက်ဆိုင်မီးလောင်မှု အကြောင်းအရင်းမှာ မျက်နှာကျက်တွင်တပ်ဆင်ထားသည့်Per light မီးသီး socket loose ဖြစ်ရာမှမီးစတင်လောင်ခြင်းဖြစ်ပြီး ဆိုင်ပိုင်ရှင်အား အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှသိရသည်။
မီးလောင်မှုကြောင့် Bar 4 U စားသောက်ဆိုင်ရှိ ဆိုင်ဝန်ထမ်း ဆလိုင်း(အသက် ၂၇)နှစ်နှင့် အောင်မင်းသူ(အသက် ၂၃)နှစ် မှာ မီးခိုးမွှန်၍ သေဆုံခဲ့ကြောင်းသိရသည်။
စက်တင်ဘာ ၁၃ ရက် ည ၈ နာရီ ၁၇ မိနစ်အချိန်တွင်ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်း မြို့နယ်၊ ရှင်စောပုရပ်ကွက်၊ စမ်းချောင်းလမ်း၊ အမှတ်(စ/၁၆)၊ ရှိ Bar 4 U စားသောက်ဆိုင်တွင်မီးလောင်မူအားသတင်းရရှိတာကြောင့် မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ ရေသယ်ယာဉ်(၇)စီး၊ ကွပ်ကဲမှုယာဉ် (၁)စီး၊သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၈၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦး၊ ငြိမ်းသတ်ခဲ့ကြောင်း မီးလောင်မူ အဆင့်အား မီးသတ်ကားထွက်ခွာငြိမ်းသတ်သည့်အဆင့် level 1 အဆင့် သတ်မှတ်ကာငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
ည ၈ နာရီ ၄၁ မိနစ်တွင်မီးထိန်းနိုင်ခဲ့ပြီး ည ၈ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးလောင်မူအကြာင်းအရင်းမှာ“Bar 4 U” စားသောက်ဆိုင် မျက်နှာကျက်တွင် တပ်ဆင်ထားသော Per Light မီးသီး Socket Loose ဖြစ်ရာမှ မီးပွားထွက်၍ မီးသီးဘေးရှိ အသံလုံဖော့ပြားသို့ မီးကူးစက်ရာမှ မီးစတင်လောင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မူကြောင့် Bar 4 U စားသောက်ဆိုင်အပါအဝင်ဘေးပတ်ဝန်းကျင်ရှိ Phone bank ဖုန်းအရောင်းဆိုင်၊ organic spicy မာလာရှမ်းကောဆိုင်နှင့် win star စားသောက်ဆိုင် စုစုပေါင်းဆိုင်ခန်း(၄)ခန်းနှင့် အတွင်းပစ္စည်းများ မီးလောင်ခံခဲ့ရကြောင်း သိရသည်
မီးလောင်မှု နှင့်ပတ်သတ်၍ Bar 4 Uပိုင်ရှင် ဦးစိုင်းနော် (ဘ)ဦးထွယ်အောင်၊ အသက်(၃၆)နှစ်အား စမ်းချောင်းမြို့မရဲစခန်းမှ (ပ)၃၇၃/၂၀၂၆၊ ပုဒ်မ(၂၈၅/၃၀၄-က) ဖြင့် အရေးယူမူ ထားကြောင်းသိရသည်။