Eleven Media Group

■ သံဖြူဇရပ်မြို့နယ် ဝယ်သွန်ချောင်ကျေးရွာအနီးရှိ စမ်းချောင်းသို့ ရေသွားကူးကြသည့်လူငယ် သုံးဦး မော်တော်ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်း လုယက်ခံရ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝယ်သွန်ချောင်ကျေးရွာအနီး စမ်းချောင်းသို့ ရေသွားကူးကြသည့်လူငယ် သုံး ဦးမှာ မော်တော်ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်း လုယက်ခံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

စက်တင်ဘာလ ၁၁ ရက် မွန်းလွဲ ၃ နာရီခန့်က သံဖြူဇရပ်မြို့နယ် ပငကျေးရွာနေ လူငယ် သုံး ဦးမှာ မော်တော်ဆိုင်ကယ် တစ် စီးဖြင့် ဝယ်သွန်ချောင်ကျေးရွာအနီးရှိ စမ်းချောင်းသို့ ရေသွားကူးရန် ‌တောလမ်းမှ သွားရောက်စဉ် ဓါးရှည်ကိုယ်စီကိုင်ထားသည့် အမျိုးသားနှစ်ဦး မှ မော်တော်ဆိုင်ကယ်အား ရပ်တန့်ခိုင်းကာ မော်တော်ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတစ်လုံးအား လုယက်ယူဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မော်တော်ဆိုင်ကယ်နဲ့ လက်ကိုင်ဖုန်းလုသွားကြသူတွေက ရွေ့ပြောင်းလုပ်သားတွေလို့ ယူဆရတယ်လို့တော့ပြောကြသည်။ သက်ဆိုင်ရာကိုတော့ အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group