Eleven Media Group

■ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်မြောက် ပါတီညီလာခံ(၂၀၂၆)  ပထမနေ့ ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်မြောက် ပါတီညီလာခံ(၂၀၂၆) ပထမနေ့အား ယနေ့(စက်တင်ဘာ ၁၉ ရက်) ကျင်းပခဲ့သည်။

နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် အစည်းအဝေးခန်းမတွင် ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်မြောက် ပါတီညီလာခံ(၂၀၂၆)သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့် ပါတီ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်မြောက် ပါတီညီလာခံ(၂၀၂၆) ပထမနေ့အား နိုင်ငံတော်သီချင်း သီဆို၍ စတင်ခဲ့သည်။

ထို့နောက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ က စတုတ္ထအကြိမ်မြောက် ပါတီညီလာခံ(၂၀၂၆) အဖွင့်မိန့်ခွန်းအား ပြောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်မြောက် ပါတီညီလာခံ(၂၀၂၆) အား ယနေ့(စက်တင်ဘာ ၁၉ ရက်)နှင့် စက်တင်ဘာ ၂၀ ရက်တို့တွင် နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group