
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ စတုတ္ထအကြိမ်ပါတီညီလာခံ ( ၂၀၂၆ ) တွင် ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခံရသည့် ဦးခင်ရီ က ပါတီကို အနာဂတ်မှာ ခေတ်မီပြီး ပြည်သူကိုအခြေပြုသော နိုင်ငံရေးပါတီ “Modern People Centered Political Party” ဖြစ်အောင် ချစ်ခင်လေးစားရတဲ့ ပါတီလုပ်ဖော် ကိုင်ဖက်တွေနဲ့အတူ လက်တွဲပြီး ဦးလည်မသုန် စွမ်းအားကုန် တာဝန် ထမ်းဆောင်သွားမှာဖြစ်ကြောင်း ပြောကြားသည်။
ပါတီဥက္ကဋ္ဌသစ်၏ နှုတ်ခွန်းဆက်အမှာစကား အပြည့်အစုံမှာ -
အားလုံးပဲ မင်္ဂလာပါခင်ဗျား -
ယနေ့ကျင်းပပြုလုပ်နေတဲ့ စတုတ္ထအကြိမ် ပါတီညီလာခံ(၂၀၂၆) ကို တက်ရောက်ချီးမြှင့်ကြတဲ့ သဘာပတိအဖွဲ့ဝင်များ၊ ညီလာခံကိုယ်စား လှယ်များနဲ့ ဧည့်သည်တော်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနဲ့ ကိုယ်စားလှယ်များ၊ ပါတီဝင်များ၊ သတင်းမီဒီယာများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ၊ အောင်မြင်၊ အေးချမ်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင် နှုတ်ခွန်း ဆက်သအပ်ပါတယ်။
စတုတ္ထအကြိမ်ပါတီညီလာခံ(၂၀၂၆) က ကျွန်တော့်ကို ပါတီဥက္ကဋ္ဌ အဖြစ် ထပ်မံရွေးချယ်တင်မြောက်ပေးခဲ့တဲ့ ကြီးကြပ်မှုဗဟိုကော်မတီ၊ ရွေးချယ်တင်မြှောက်ရေးကော်မရှင် ဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်များ၊ ကိုယ်စားပြု ဝိုင်းဝန်း ထောက်ခံခဲ့ကြတဲ့ ပါတီလုပ်ဖော်ကိုင်ဖက်များ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်ခင်ဗျား။
ကျွန်တော့်ကို ယုံကြည်စွာ အပ်နှင်းခဲ့တဲ့ တာဝန်ဝတ္တရားတွေအပေါ်မှာ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ လူမှုရေးအမြင်၊ စည်းရုံးရေးအမြင်၊ နိုင်ငံတကာ ဆက်ဆံရေး အမြင်တွေနဲ့ ပေါင်းစပ်ပြီး အကောင်းဆုံး ကြိုးစား ဆောင်ရွက်သွားပါ့မယ်။
ကျွန်တော်တို့ ပါတီကို အနာဂတ်မှာ ခေတ်မီပြီး ပြည်သူကိုအခြေပြုသော နိုင်ငံရေးပါတီ “Modern People Centered Political Party” ဖြစ်အောင် ချစ်ခင်လေးစားရတဲ့ ပါတီလုပ်ဖော် ကိုင်ဖက်တွေနဲ့အတူ လက်တွဲပြီး ဦးလည်မသုန် စွမ်းအားကုန် တာဝန် ထမ်းဆောင်သွားမှာဖြစ်ကြောင်း ဒီညီလာခံခန်းမကြီးထဲမှာ ရှိနေကြတဲ့ ပါတီအကြီးအကဲများနဲ့ ပါတီဝင်အားလုံးရဲ့ရှေ့မှောက်မှာ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေး အတွေ့အကြုံ နဲ့ နိုင်ငံရေးသိက္ခာကို အခြေပြုပြီး ရဲဝံ့စွာ ကတိပြုအပ်ပါကြောင်း ပြောကြားလိုပါတယ် ခင်ဗျား။
ညီလာခံကိုယ်စားလှယ်များခင်ဗျား-
ကျွန်တော်တို့တတွေ ဒီနေ့၊ ဒီနေရာမှာ ဆုံစည်းနေကြတာဟာ သာမန် တွေ့ဆုံ စည်းဝေးနေကြတာမဟုတ်ဘဲ အတိတ်ကာလဖြတ်သန်း ခဲ့တဲ့ (၅)နှစ်တာ ကာလအတွင်း အတွေ့အကြုံများကို ပြန်လည်သုံးသပ် ပြီး အောင်မြင်ခဲ့တာတွေကို ခိုင်ခန့်အောင် ဆက်လက် တည်ဆောက် အားနည်းချက်တွေကို ဖော်ထုတ် ပြုပြင်ပြီး ပါတီရဲ့အနာဂတ် ခရီးသစ်ကို စတင်မဲ့ သမိုင်းဝင်နေ့တစ်နေ့ လို့လည်း ဆိုရမှာဖြစ်ပါတယ်။
လွန်ခဲ့သော(၅)နှစ်တာကာလဟာ ပါတီကိုရည်ရွယ်မျှော်မှန်းချက် တွေနဲ့အညီ ပုံသွင်းတည်ဆောက်ခဲ့တဲ့ ကာလလို့တွေးဆမယ်ဆိုရင် လာမဲ့ရှေ့အနာဂတ်(၅)နှစ်တာ ကာလဟာ ပါတီရဲ့ နိုင်ငံရေးတာဝန်ကို ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းရမဲ့နေ့ရက်တွေ ဖြစ်တယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။
ညီလာခံကိုယ်စားလှယ်များခင်ဗျား-
ဒီနေ့မှာ ဒီပါတီရဲ့ဥက္ကဋ္ဌသစ်တစ်ဦးအနေနဲ့ အချိန်အရ ရှေ့ဆက် လက်ဆောင်ရွက်ရမဲ့ လုပ်ငန်းစီမံချက်အကျဉ်းချုပ်ကို တင်ပြသွားမှာ ဖြစ်ပါတယ်။ သို့သော် အတိတ်၊ ပစ္စုပန်၊ အနာဂတ် တစ်ဆက်တစ်ဆက် တည်း စဉ်းစားမှသာ ပိုမိုသဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။
ပထမဦးဆုံး အချက်အနေနဲ့ အတိတ်ကာလကိုလေးစားပြီး သင်ခန်းစာယူကြဖို့ ဆိုတဲ့အချက်နဲ့ စတင်ချင်ပါတယ်။
လွန်ခဲ့တဲ့(၅)နှစ်တာကာလကို ပြန်လည်ငဲ့စောင်း ကြည့်လိုက်ရင် လွယ်ကူ ချောမွေ့တဲ့လမ်းကို ကျွန်တော်တို့ လျှောက်ခဲ့ကြရတာ မဟုတ်ပါဘူး။ စိန်ခေါ်မှုတွေ၊ အန္တရာယ်တွေကြားကနေ နိုင်ငံတော် အဖွဲ့အစည်း အသီးသီးနဲ့ အမာခံပါတီဝင်တွေ၊ ချစ်သော ပြည်သူတွေနဲ့ အတူ လက်တွဲရင်း ရှေ့သို့တစ်လှမ်းချင်း ခေါင်းဝင်ကိုယ်ဆန့် ထိုးဖောက် ခဲ့ကြရတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ကာလ ဆောင်ရွက်ခဲ့တဲ့ စီမံချက်တွေထဲမှာ-
- ပါတီရဲ့ရေရှည်/ရေတိုရည်မှန်းချက်တွေကို သတ်မှတ်ခဲ့ကြတယ်။
- လုပ်ငန်းလမ်းညွှန်ချက်တွေကို အသေးစိတ်ချမှတ်ခဲ့ကြတယ်။
- အလုပ်သမား၊ လယ်သမား ၊ လူငယ်၊ အမျိုးသမီး၊ မသန်စွမ်း၊ အသိပညာရှင် အတတ်ပညာရှင် အပါအဝင် လူတန်းစား အလွှာ အသီးသီးသို့ ထိုးဖောက် စည်းရုံးနိုင်အောင် CEC, EC, တာဝန်ခံတွေပေးပြီး စည်းရုံးရင်း အရွေ့တစ်ခုဖြစ်အောင် တွန်းပို့ခဲ့ကြတယ်။
- ပါတီဝင်ဟောင်းနဲ့ ပါတီကင်းကွာတွေကို ပြန်လည်စုစည်းခဲ့ကြ ပြီး ပါတီဝင်သစ်တွေကို ထပ်မံစုဆောင်းကာ ပေါင်းစပ် အင်အားစုတွေ ဖြစ်စေခဲ့ပါတယ်။
- နိုင်ငံတကာဆက်ဆံရေးကို တိုးမြှင့်ဖြန့်ကျက်ခဲ့ပြီး မီဒီယာနဲ့ ပြည်သူ့ဆက်ဆံရေးကို အလေးပေးအာရုံ စိုက်ခဲ့ကြတယ်။
ပါတီရဲ့အင်အားဟာ ပါတီရုံးအတွင်းမှသာ ဘောင်ခတ်ထားတာ မဟုတ်ပဲ ပြည်သူထဲသို့ ရောက်အောင်တွန်းပို့တဲ့ စနစ်တစ်ရပ် ထူထောင် ရပါမယ်။ ပြီးခဲ့တဲ့ မိန့်ခွန်း(၂)ခုမှာ လွန်ခဲ့တဲ့(၅) နှစ်တာ ဆောင်ရွက်ချက် အသေးစိတ်ကို ကိန်းဂဏန်းတွေနဲ့တကွ တင်ပြပြီး ဖြစ်လို့ အကြမ်းဖျဉ်း လောက်သာတင်ပြခြင်း ဖြစ်ပါတယ်။
ညီလာခံကိုယ်စားလှယ်များခင်ဗျား
[9/20/2026 4:14 PM] Tun Htet Oo: ကျွန်တော်တင်ပြပြီးဖြစ်တဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးလမ်းပြ မြေပုံကို အနီးစပ်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့လို့ ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ ပါတီအနေနဲ့ အရေးပါသော ရလဒ်တစ်ခုကို ရရှိခဲ့ပါတယ်။ ဒီရလဒ်ဟာ ကျွန်တော်တို့ အားလုံးအတွက် ဝမ်းမြောက်နိုင်စေတဲ့ ရလဒ်တစ်ခုဖြစ် စေတယ်လို့ ဆိုနိုင်သလို ပိုမိုကြီးလေးတဲ့တာဝန်တွေကို ပေးအပ်လိုက်ခြင်း ဖြစ်တယ် လို့လည်း ဆိုရမှာပါ။
[9/20/2026 4:10 PM] Union Solidarity And Development Party: ရွေးကောက်ပွဲတစ်ခု ပြီးမြောက်အောင်မြင်ခြင်း သည် နိုင်ငံရေးပါတီတစ်ခုအတွက် ထာဝရ အလုပ်ပြီးဆုံးသွားခြင်း မဟုတ်ဘဲ နောင်အနာဂတ် လုပ်ငန်းတာဝန်တွေရဲ့ အစသာဖြစ်တယ် လို့ဆိုရမှာ ဖြစ်တယ်။
မဲဆန္ဒရှင်တစ်ဦးက မဲပေးရွေးချယ်လိုက်ခြင်းသည် နိုင်ငံရေးပါတီ တစ်ခုကို အခွင့်အာဏာပေးအပ်ခြင်းမဟုတ်ပဲ မျှော်လင့်ချက်ပေးခြင်း လည်း ဖြစ်ပါတယ်။ မဲတစ်ပြားချင်းစီရဲ့ နောက်ကွယ်မှာ မဲဆန္ဒရှင် ပြည်သူတစ်ဦးချင်းစီရဲ့ မျှော်လင့်ချက်၊ အနာဂတ်နဲ့ ဆန္ဒတွေ တွဲလျက် ပါနေပါတယ်။
ဒါကြောင့်ပြည်သူပေးတဲ့ ယုံကြည်မှုကို ကျွန်တော်တို့ရဲ့ နိုင်ငံရေးအရည်အသွေးနဲ့ ပြန်လည်သက်သေပြရမှာပဲ ဖြစ်ပါတယ်။
ပြည်သူကပေးတဲ့ မျှော်လင့်ချက်ကို လက်တွေ့ရလဒ်များနဲ့ ပြန်လည် ဖြည့်ဆည်း ကြရမှာဖြစ်ပါတယ်။ ဒါဟာအတိတ်သင်ခန်းစာအပေါ် ကျွန်တော်ရဲ့ သုံးသပ်ချက်ပဲဖြစ်ပါတယ် ခင်ဗျား။
ညီလာခံကိုယ်စားလှယ်များခင်ဗျား-
ဒုတိယအချက်အနေနဲ့ ပါတီရဲ့ အနာဂတ်လုပ်ငန်းစဉ် အကြောင်း အကျဉ်းမျှ တင်ပြလိုပါတယ်။ အနာဂတ်ခရီးမှာ အရေးကြီးတဲ့ အချက်က ပြည်သူ့ယုံကြည်မှုကို အမိအရတည်ဆောက်ဖို့ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတစ်ခုရဲ့ အင်အားဟာ ပါတီဝင်အင်အားတွေ၊ ပါတီရုံးတွေရဲ့ အရေအတွက်နဲ့ တိုင်းတာတာထက် ပြည်သူတွေက ကျွန်တော်တို့ကို ဘယ်လောက်အထိ ယုံကြည်မှုရှိတယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာ ဖြစ်ပါတယ်။ အင်အားကြီးပါတီမှ ပိုမိုအရည်အသွေး မြင့်မားသော ပါတီအဖြစ်သို့ ပြောင်းလဲရမှာ ဖြစ်ပါတယ်။
ဒီလိုဆိုရင် အရည်အသွေးမြင့်မားတဲ့ နိုင်ငံရေးပါတီဆိုတာ ဘယ်လိုပါလဲဆိုရင် ဒီပါတီဟာ ပြည်သူ့အသံကို နားထောင်နိုင်ရမယ်၊ ပြည်သူ့လိုအပ်ချက်ကို နားလည်နိုင်ရမယ်၊ ပြည်သူ့ဆန္ဒကို မူဝါဒအဖြစ် ပြောင်းလဲ ဖော်ဆောင်နိုင်ရမယ်၊ ဆောင်ရွက်ပေးရမဲ့ အချက်တွေကို နိုင်ငံတော်အစိုးရအဖွဲ့ ၊ လွှတ်တော်အပါအဝင် ဆက်စပ်အဖွဲ့အစည်းတွေ နဲ့ ပေါင်းစပ်ညှိနှိုင်းပြီး အရွေ့ရှိတဲ့ရလဒ်ဖြစ်အောင် ဆောင်ရွက်နိုင်ရမည် ဆိုတဲ့ လမ်းကြောင်းကသာ ပြည်သူ့ယုံကြည်မှုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတစ်ရပ်ဟာ ရွေးကောက်ပွဲရှိကာမှ ပြည်သူနဲ့ ထိတွေ့ဆက်ဆံကြတဲ့ အဖွဲ့အစည်းမျိုး မဖြစ်စေဘဲ ရွေးကောက်ပွဲရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ပြည်သူ့လိုအင်ဆန္ဒတွေကို လေ့လာပြီး ပေါင်းစပ်ကူညီဖြေရှင်းပေးနိုင်တဲ့ Policy Party မျိုး ဖြစ်ရပါမယ်။
ဒါကြောင့် အခြေခံကျတဲ့ မြို့နယ်ရုံး တွေမှာ People Help Desk လို့ခေါ်တဲ့ “ပြည်သူ့အကူအညီပေးရေးနေရာ”တွေ ယခင်ကျွန်တော် သုံးနှုန်းခဲ့တဲ့ “ဆုံဆည်းရာ” ဆိုတဲ့ နေရာတွေမျိုး သတ်မှတ်ပြီး ပြည်သူနဲ့ ထိတွေ့နိုင်အောင် လမ်းကြောင်းဖွင့်ထား ပေးရပါမယ်။ ကျွန်တော်တို့ ပါတီရုံး အချို့မှာ ပြည်သူအကူအညီပေးရေး လွှတ်တော်ကိုယ်စားလှယ်ရုံး တွေဖွင့်ထားပြီး ဖြစ်လို့ တဆက်တစပ်တည်း ဆက်စပ်ဆောင်ရွက်သွား ဖို့လိုတယ်။ ယခင်ကာလတွေက သိသာတဲ့ အရွေ့မဖြစ်ခဲ့လို ဒီတစ်ကြိမ် မှာတော့ ပီပီပြင်ပြင်ဆောင်ရွက်သွားကြဖို့ အထူးအလေးထား တိုက်တွန်း လိုပါတယ်။
ညီလာခံကိုယ်စားလှယ်ကြီးများခင်ဗျား-
ရှေ့(၅)နှစ်တာကာလမှာ ပါတီရဲ့ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အဓိကဦးတည်ရမဲ့ နယ်ပယ်တွေအဖြစ် လွန်ခဲ့တဲ့(၅)နှစ်အတွေ့အကြုံ တွေပေါ်မှာအခြေခံပြီး ပိုမိုပြည်စုံလာအောင် တိုးချဲ့ဆောင်ရွက် သွားရ မှာဖြစ်ပါတယ်။ အဲဒီနယ်ပယ်တွေကတော့
- လယ်ယာကဏ္ဍနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး။
- ပြည်တွင်း/ပြည်ပ အလုပ်သမားများနဲ့ အလုပ်အကိုင် အခွင့် အလမ်း တိုးတက်ရေး။
- လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ မျိုးဆက်သစ်လူငယ် ခေါင်းဆောင်များ လေ့ကျင့်ပျိုးထောင်ပေးရေး။
- အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နဲ့ မျိုးဆက်သစ် အရည် အချင်းပြည့်ဝတဲ့ အမျိုးသမီးခေါင်းဆောင်များ လေ့ကျင့် ပျိုးထောင်ပေးရေး။
- မသန်းစွမ်းသူများရဲ့ အခန်းကဏ္ဍကို ကူညီဖြေရှင်းပေးရေး။
- နည်းပညာအခြေပြု ဆက်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး။
- ပါတီဝင်များ စည်းကမ်းကောင်း၍ စည်းလုံးညီညွတ်မှုကို ခိုင်မာ စွာ တည်ဆောက်ရေး။
- အခြေခံလူထု လူတန်းစားအလွှာအတွင်း စိမ့်ဝင်တိုးပေါက် စည်းရုံးရေးလုပ်ငန်းများ ပီပြင်ထိရောက်စွာ ဆောင်ရွက်ရေး။
- အသက်အရွယ်၊ ကျား/မ၊ ပညာရှင်နှင့် နိုင်ငံရေး၊ စီးပွားရေး ကျွမ်းကျင်သူများ အပါအဝင် အလွှာကဏ္ဍစုံသို့ စည်းရုံးရေး လုပ်ငန်း ပိုမိုပီပြင်စေရေး။
[9/20/2026 4:14 PM] Tun Htet Oo: - အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူ ပြုနိုင်ရန် သီးခြားအဖွဲ့များ ဖွဲ့စည်း၍ နိုင်ငံတော်နဲ့အတူ ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ရေး။
- သဘာဝ ပတ်ဝန်းကျင်ထိမ်းသိန်းရေး လုပ်ငန်းစဉ်တွေမှာ ထိရောက်စွာ ပါဝင်ရေး။
- ဥပဒေပြုရေးလုပ်ငန်းစဉ်၊ လွှတ်တော်နဲ့ အစိုးရအဖွဲ့အစည်းများ အတွက် အရည်အချင်းပြည့်ဝသူများကို ပြုစုပျိုးထောင်ပေးရေး။
- မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှုနှင့် အွန်လိုင်း လောင်းကစားမှုများတိုက် ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင် ကူညီဆောင်ရွက်နိုင်ရေး။
- ပြည်သူ့လူထုလုံခြုံရေးနှင့်အခြေခံစားဝတ်နေရေး လိုအပ်ချက် တွေ အပေါ် အလေးထားကူညီပေးရေး။
[9/20/2026 4:10 PM] Union Solidarity And Development Party: - မြန်မာ့နည်း မြန်မာ့ဟန် နဲ့ ပြည်တွင်း တည်ဆဲဥပဒေများကို မထိခိုက်စေဘဲ အာဆီယံဒေသတွင်း နိုင်ငံများပါဝင်ဖွဲ့စည်း ထားသည့် ASEAN Inter-Parliamentary Assembly(AIPA) ရုံးချုပ်နဲ့ အဖွဲ့ဝင်နိုင်ငံများ၊ Inter-Parliamentary Union (IPU) ရုံးချုပ်နဲ့ အဖွဲ့ဝင်နိုင်ငံများ၊ International Conference of Asian Political Parties (ICAPP) ရုံးချုပ်နဲ့ အဖွဲ့ဝင် နိုင်ငံများမှ ပါတီများ အပါအဝင် နိုင်ငံတကာပါတီ/ အဖွဲ့ အစည်းများနဲ့ ထိတွေ့ဆက်ဆံရေး လုပ်ငန်းစဉ်တွေကို ယခုအခြေအနေထက်ပိုပြီး နယ်ပယ်ချဲ့ထွင် တိုးချဲ့ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
- နောက်ဆုံးအချက်ကတော့ ခေတ်မီ၍ ပြည်သူကို အခြေပြု သော နိုင်ငံရေးပါတီ (Modern People Centered Political
Party) ဖြစ်ရေး တို့ဖြစ်ပါတယ်။
ပါတီညီလာခံကိုယ်စားလှယ်များခင်ဗျား-
တတိယအချက် အနေနဲ့ မဲဆန္ဒနယ်မြေသည် ပါတီ၏ အခြေခံ အင်အား ဖြစ်ရေး ဆိုတဲ့အချက်ကို အပြည့်အဝ အကောင်အထည် ဖော်မှာ ဖြစ်ပါတယ်။
ပါတီတစ်ရပ်အနေနဲ့ သက်ဆိုင်ရာ ကိုယ်စားပြု မဲဆန္ဒနယ်မြေ အလိုက် ပါတီကိုဝန်းရံ ထောက်ခံကြတဲ့ အခြေခံအင်အားစုတွေ စဉ်ဆက် မပြတ် တိုးပွားနေစေရေးအတွက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်ငန်းစဉ်တိုင်းဟာ ပါတီရုံးဝန်းထဲမှာပဲ ပြီးဆုံးနေတာ မဟုတ်ဘဲ မဲဆန္ဒနယ်တွေကို စဉ်ဆက်မပြတ် ကွင်းဆင်းထိတွေ့ ဆက်ဆံခြင်းကသာ အနှစ်သာရ ဖြစ်ပါတယ်။ ဒေသခံ အလွှာစုံ၊ လူတန်းစားမျိုးစုံ ပြည်သူတွေနဲ့ ပုံမှန်တွေ့ ဆုံခြင်း၊ Town Hall Meeting တွေ၊ စကားဝိုင်းတွေ၊ လဘက်ရည်ကြမ်းဝိုင်း တွေ့ဆုံမှုတွေ ပြုလုပ်ခြင်း၊ နိုင်ငံတော်၏ မူဝါဒဆိုင်ရာ သိသင့်သော ဆောင်ရန်/ရှောင်ရန် လုပ်ငန်းစဉ်များအတွက် ဟောပြောပွဲများ ပြုလုပ်ခြင်း ရပ်ရေး/ရွာရေး လူမှုရေးကိစ္စတိုင်းမှာ ပါဝင်ကူညီ ဆောင်ရွက်ခြင်း စတာတွေကို ပြုလုပ်ပြီး ပြည်သူ့အသံနဲ့ ပြည်သူ့ဆန္ဒတွေကို နားထောင်ရင်းဖြင့် “မဲဆန္ဒနယ်မြေ ကို ပြည့်ဝစွာ ဝန်ဆောင်မှုပေးတဲ့ ယဉ်ကျေးမှု” (Constituency Service Culture) များ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
ဆက်လက်ပြီး စတုတ္ထအချက် အနေနဲ့ လူငယ်/အမျိုးသမီးများ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အနာဂတ်မျိုးဆက်သစ်များ လေ့ကျင့် ပျိုးထောင်ရေးကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့(၅)နှစ်တာ ကာလမှာ အထိုက်အလျောက်အောင်မြင်ခဲ့တဲ့ ပါတီဝင်သစ်စုဆောင်းရေး အစိမ်းရောင်စီမံချက်ကို ပိုမိုအသေးစိတ်ပြီး ဖိဖိစီးစီး ဆက်လက်ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ မိမိပါတီဝင် လူငယ်တွေ နဲ့ အသစ်စုစည်းရရှိတဲ့ လူငယ်တွေကို အရည်အချင်း အရည်အသွေးလိုက် ရွေးထုတ်ပြီး နိုင်ငံရေးပညာ ၊ စီးပွားရေးပညာ၊ မူဝါဒရေးဆွဲမှု၊ ခေါင်းဆောင်မှု၊ နိုင်ငံတကာဆက်ဆံရေး၊ Digital Technology ၊ Public Communication စတာတွေကို လေ့ကျင့် သင်ကြားပြီး ပါတီအမာခံကေဒါတွေ လေ့ကျင့်မွေးမြူရေး လုပ်ငန်းစဉ်တွေကို လုပ်ငန်းစဉ် ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အလားတူပဲ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ အမျိုးသမီး အင်အားစုတွေဖြစ်လို့ တိုင်းပြည် အတွက် အရေးပါတဲ့ စွမ်းအားရှင် လုပ်သားထု Work Force တစ်ခု ဖြစ်နေတာကို အလေးထားပြီး အမျိုးသမီးတွေကို ဆုံးဖြတ်ချက် ချမှတ် သူ၊ မူဝါဒရေးဆွဲသူ၊ လွှတ်တော် နဲ့ အစိုးရအဖွဲ့အစည်း အသီးသီးမှာ အရည်အချင်းပြည့်ဝစွာတာဝန်ယူနိုင်သူ၊ ပါတီကို လက်ဆင့်ကမ်း အမွေအဖြစ် ထိန်းသိမ်းနိုင်သူတွေဖြစ်အောင် ဦးတည် လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်အမျိုးသမီးကဏ္ဍမှာလဲ ပါတီဝင် နဲ့ စုဆောင်း ရရှိတဲ့ ပါတီဝင်အသစ်တွေကို အရည်အချင်း၊ အရည်အသွေး စိစစ်ရွေးချယ်ပြီး အနာဂတ်အတွက် အစီအမံတွေ ချမှတ်သွားရမှာ ဖြစ်ပါတယ်။
ဒါကြောင့် Youth Leadership Program နဲ့ Women Leadership Program တို့ကိုလည်း Time Frame တွေချမှတ်ပြီး စနစ်တကျရေးဆွဲ အကောင်အထည် ဖော်သွားမှာဖြစ်ပါတယ်။
ပဉ္စမအချက် အနေနဲ့ ပါတီတွင်းစည်းလုံးညီညွတ်မှုကို ခိုင်မာစွာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။၊
[9/20/2026 4:14 PM] Tun Htet Oo: ပါတီတစ်ရပ်အတွက် အကြီးမားဆုံးအင်အားဟာ စည်းလုံး ညီညွတ်မှုပဲ ဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှုကို ပြိုကွဲစေတဲ့ ပြုမူ ဆောင်ရွက်ချက်တွေကို အသိ၊ သတိ၊ ပါတီချစ်စိတ်နဲ့ ထိန်းသိမ်းကြဖို့ လိုပါတယ်။၊ အမြင်မတူတာဟာ အဖွဲ့အစည်းတိုင်းမှာ ရှိနိုင်ပါတယ်။ ကိုယ်ချင်းစာ နားလည်မှုအပေါ်မှာ အခြေခံပြီး တူညီတာတွေပေါင်းစပ်လို့ တစ်ခုတည်းသော ဦးတည်ချက်ကို စိုက်လိုက်မတ်တပ် စုပေါင်း ဦးတည်သွားကြရမှာ ဖြစ်ပါတယ်။
ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကိုလည်း အဓိက ထား မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပါတီအတွင်းမှာ စည်းကမ်း (Discipline)၊ အဖွဲ့အစည်းစိတ်ဓာတ် (Organizational Sprit)၊ အများ ဆန္ဒ နဲ့ ဆောင်ရွက်ခြင်း (Democracy) နဲ့ တာဝန်ယူ တာဝန်ခံမှုရှိခြင်း (Accountability) တို့ကို အခြေခံပြီး ဆက်လက် တည်ဆောက် သွားမှာဖြစ်ပါတယ်။
ဆဌမအချက်အနေနဲ့ ခေတ်မီ၍ ပြည်သူကို အခြေပြုသော နိုင်ငံရေးပါတီ “Modern People Centered Political Party” ကို တစ်ဆင့်ချင်း တည်ဆောက်ရေး ဖြစ်ပါတယ်။
[9/20/2026 4:10 PM] Union Solidarity And Development Party: ကနေ့ကမ္ဘာကြီးဟာ အချိန်နဲ့အမျှအလွန်လျင်မြန်စွာ ပြောင်းလဲ တိုးတက် လျက်ရှိပါတယ်။ နေရာတိုင်းမှာ Digital Technology , Artificial Intelligence (AI), Social Media, Data Based System စတဲ့စနစ်တွေဟာ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေရဲ့ မူဝါဒ၊ လုပ်ငန်းစဉ်၊ အစီအမံတွေအပေါ် ပြောင်းလဲရိုက်ခတ်နေပါတယ်၊ ဒါကြောင့် ကျွန်တော် တို့ဟာ ခေတ်နဲ့အညီ ခေတ်မီတဲ့ နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ကဏ္ဍစုံ၊ ထောင့်ပေါင်းစုံ၊ ပညာရှင်စုံ နဲ့ ထိတွေ့၊ သင်ယူ၊ ပြုပြင်၊ ပြောင်းလဲ၊ သင်ကြား၊ လေ့ကျင့်၊ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
ညီလာခံ ကိုယ်စားလှယ်များခင်ဗျား-
ပါတီရဲ့ လုပ်ငန်းစီမံချက်ကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ဖို့ အတွက် အစပျိုးတဲ့အနေနဲ့ ၂၀၂၆ အောက်တိုဘာလ (၁)ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ အကျုံးဝင်မဲ့ ရက်(၉၀)စီမံချက်ကိုလည်း ချမှတ် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် (၁)နှစ် စီမံချက်၊ (၅)နှစ်စီမံချက်တွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ အစီအမံများ ကြိုတင်ရေးဆွဲထားပြီး ဖြစ်ပါတယ်။
ကျွန်တော်တင်ပြခဲ့တဲ့ ပါတီရဲ့ရှေ့လုပ်ငန်းစဉ်၊ လုပ်ငန်းအစီအမံ တစ်ခုချင်းအပေါ်မှာ လက်တွေ့ကျတဲ့အသေးစိတ်လုပ်ငန်းစဉ်များလည်း ရေးဆွဲထားပြီး ဖြစ်ပါတယ်။
စောစောပိုင်းက တင်ပြခဲ့တဲ့ အဓိကပြု ဆောင်ရွက်သွားမည့် မဏ္ဍိုင်တစ်ခုစီတိုင်းကို အချိန်ကန့်သတ်ချက်အရ အားလုံးကို မတင်ပြတော့ပဲ အချို့ကိုသာ ထုတ်နုတ်တင်ပြရခြင်း ဖြစ်ပါတယ်။ စီမံချက်တိုင်းဟာ မူဝါဒကောင်းပေမဲ့ အကောင်အထည် ဖော်နိုင်မှုအပိုင်းမှာ ချို့ယွင်းအားနည်းချက်တွေ ရှိတတ်တာကြောင့် ကျွန်တော်တို့ရဲ့လုပ်ငန်း အစီအမံတစ်ခုချင်းစီကို စစ်ဆေး ကြပ်မတ် ဖို့အတွက် KPI (Key Performance Indicator) “အောင်မြင်မှု တိုင်းတာချက်”တွေကို အမှတ်ပေးစနစ် နဲ့ စနစ်တကျ အောင်မြင်အောင် အလေးထား စိစစ်တွန်းအားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ညီလာခံကိုယ်စားလှယ်များ ခင်ဗျား-
နိဂုံးချုပ်အနေနဲ့ အစမှာ ကျွန်တော်ပြောခဲ့သလို ဒီနေ့ဟာ ကျွန်တော်တို့ ပါတီရဲ့ အနာဂတ်ခရီးသစ်ကို စတင်တဲ့ နေ့ဖြစ်ပါတယ်။
ဒီနေ့မှာ အတိတ်ကာလ သင်ခန်းစာတွေကို အဖြေရှာဖော်ထုတ်မှုတွေ တပွေ့တပိုက်ကြီးရခဲ့ပြီးဖြစ်သလို အနာဂတ်ခရီးအတွက်လည်း ပြင်ဆင် ဆောင်ရွက်ထားကြပြီး ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော် ပြောချင်တဲ့ စကားစုတွေကို ထုတ်နှုတ်စုစည်းတင်ပြရရင် ဒီနေ့ ဒီနေရာကနေ -
- ပိုမိုခိုင်မာ ပြည်မြန်မာ ဖြစ်ထွန်းပေါ်ပေါက် စေရေးအတွက် ကောင်းသော အနာဂတ်ကို ယုံကြည်မှု အပြည့်နဲ့ ရင်ဆိုင် ကျော်လွှား သွားကြဖို့ စုပေါင်း သံန္နိဋ္ဌာန် ချမှတ်ရပါမယ်။
- ဒါ့အပြင် ကျွန်တော်တို့ရဲ့ အနှစ်ချုပ် ရည်မှန်းချက်ဖြစ်တဲ့ ခေတ်မီပြီး ပြည်သူကို အခြေပြုသော နိုင်ငံရေးပါတီ (Modern People Centered Political Party) ကို တစ်ဆင့်ချင်း မဖြစ်မနေ တည်ဆောက်သွားရေးကိုလည်း ပြင်းပြတဲ့ နိုင်ငံရေး သံန္နိဋ္ဌာန်စိတ်နဲ့ အောင်မြင်အောင် ဆောင်ရွက်သွားကြဖို့ အလေးထားတိုက်တွန်း ပြောကြားအပ်ပါတယ်။
ကျွန်တော် တို့ပါတီရဲ့ အနာဂတ်လုပ်ငန်းစဉ်(Road Map) အပေါ်မှာလည်း အချိန်အခါမရွေး ဆွေးနွေးအကြံပြုခြင်းများကိုလည်း အထူး အလေးထား လေးစားသမှုဖြင့် ဖိတ်ခေါ်အပ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
ပါတီဝင်လုပ်ဖော်ကိုင်ဖက်အားလုံး နိုင်ငံ့အကျိုး ပါတီအကျိုးကို နိုင်ငံရေးသစ္စာဖြင့် အစွမ်းကုန်ထမ်းဆောင်နိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်း ဆန္ဒပြုအပ်ပါတယ် ခင်ဗျား။
#News #Myanmar