
သူခိုးကျော်မိုးထွန်း ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန က ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်မှာ အပြည့်အစုံ ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။
အနှစ်ချုပ်အနေနဲ့ ပြောရရင် -
ကျော်မိုးထွန်းသည် နိုင်ငံတော်မှ ပေးအပ်သောအမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ သံတမန်ကျင့်ဝတ်ပျက်ယွင်းစွာ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း၊ တရားမဝင် အဖွဲ့အစည်းများအား သစ္စာခံကိုယ်စားပြုလှုပ်ရှားခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ ၎င်းအား နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ် (Dismissal) ခဲ့ပြီး ဖြစ်တယ်။ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီးဖြစ်သော်လည်း ကျော်မိုးထွန်းသည် နယူးယောက်မြို့ရှိ နိုင်ငံတော်ပိုင် အဖွဲ့ရုံးရှိ ရုံးခန်းနေရာ၊ ရုံးအကြီးအကဲနေအိမ်နှင့် နိုင်ငံတော်ပိုင် မော်တော်ယာဉ်စသည့် နိုင်ငံတော်ပိုင်ပစ္စည်းများကို ဆက်လက်အသုံးပြုနေတယ်။ ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအထိ နယူးယောက်မြို့၊ Bank of America ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၏ ဘဏ်ငွေစာရင်းတွင် နိုင်ငံပိုင်ဘဏ္ဍာငွေမှာ အမေရိကန် ဒေါ်လာ ၂.၇၆ သန်းနှင့် ယူရို ၃၈၂၃၃.၆၂ ကျန်ရှိကြောင်း သိရှိရပါတယ်။ အဆိုပါ လက်ကျန်ဘဏ္ဍာငွေများကို နိုင်ငံတော်၏ ခွင့်ပြုချက်မရရှိဘဲ ထုတ်ယူသုံးစွဲခြင်း၊ ၎င်း၏ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
ကျော်မိုးထွန်းသည် မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားသော NUG နှင့် CRPH အဖွဲ့တို့နှင့် တိုက်ရိုက်ဆက်သွယ်ကာ ၎င်းတို့၏ သစ္စာခံ ကိုယ်စားလှယ်အဖြစ် လှုပ်ရှားဆောင်ရွက်နေတယ်။ ကုလသမဂ္ဂစင်မြင့်ကို အလွဲသုံးစားပြုကာ အွန်လိုင်းပေါ်တွင် ပုံရိပ်ယောင်တရားဝင်မှုပြသပြီး NUG အတွက် အလှူငွေကောက်ခံရန် ဝါဒဖြန့်လက်နက်တစ်ခုအဖြစ် လုပ်ဆောင်ပေးနေတယ်။ မြန်မာနိုင်ငံအတွင်း အပြစ်မဲ့ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် တရားမဝင် အကြမ်းဖက်လှုပ်ရှားမှုများကို နိုင်ငံတကာစင်မြင့်၌ ဖုံးကွယ်ကာကွယ်ပေးခြင်း၊ လှုံ့ဆော်အားပေးခြင်းတို့ဖြင့် အကြမ်းဖက်လုပ်ရပ်များတွင် တိုက်ရိုက်ကြံရာပါအဖြစ် ဆက်လက်ပါဝင်ဆောင်ရွက်နေသူဖြစ်တယ်။
ဒါကြောင့် ကျော်မိုးထွန်းအား နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုအတွက် ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၂) ဖြင့် ဒက္ခိဏခရိုင်တရားရုံးတွင် ရာဇဝတ်မှုအမှတ် (၃၂/၂၀၂၁) ဖြင့် အမှုဖွင့်လှစ်၍ ဖမ်းဝရမ်းထုတ်ဆင့်ထားရှိပြီး ဖြစ်တယ်။ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁)၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆ (၁) နှင့် ရာဇသတ်ကြီးပုဒ်မ ၁၂၄-က တို့အရ အရေးယူဆောင်ရွက်ထားရှိပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တို့အရ ထပ်မံတရားစွဲဆိုထားတယ်။
လက်ရှိတွင် ကျော်မိုးထွန်းအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ တို့အရ တရားခံပြေးအဖြစ် ကြေညာ၍ တရားရုံးအမိန့်များ ထုတ်ဆင့်ထားရှိပြီး INTERPOL နှင့် United States National Central Bureau (USNCB) တို့မှတစ်ဆင့် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးနှင့်ပူးပေါင်းကာ အမေရိကန်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်အရေးယူနိုင်ရေး သံတမန်လမ်းကြောင်းမှ ဆက်လက်ဆောင်ရွက်ရန်ရှိကြောင်း ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။
ကျော်မိုးထွန်း၏ နိုင်ငံပိုင်ဘဏ္ဍာငွေနှင့် ပစ္စည်းများအား အလွဲသုံးစားပြုလုပ်မှု၊ တရားမဝင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်မှုနှင့် နိုင်ငံတော် ကိုယ်စားပြုခွင့်မရှိဘဲ ကုလသမဂ္ဂမျက်နှာစာအား အသုံးပြု၍ လှုပ်ရှားဆောင်ရွက်နေမှုများကြောင့် ၎င်း၏ပုဂ္ဂိုလ်ရေး ယုံကြည်ကိုးစားမှု (Credibility) နှင့် ကိုယ်စားပြုခွင့်အပေါ် မေးခွန်းထုတ်စရာ ဖြစ်စေပါတယ်။
ကျော်မိုးထွန်းသည် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ ကိုယ်စားပြုမှု ဆက်လက်ရရှိနေခြင်းမှာ တရားဝင်အသိအမှတ်ပြုခံရခြင်း မဟုတ်ဘဲ ခန့်အပ်လွှာစိစစ်ရေးကော်မတီ (Credentials Committee) ၏ ဆုံးဖြတ်ချက်ကို နှစ်စဉ်ဆိုင်းငံ့ထားခြင်း (Deferral) အပေါ် အခြေခံသည့် ယာယီအခြေအနေသာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ အတိအလင်း ဖော်ပြပါရှိပါတယ်။
ကျော်မိုးထွန်းအား မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှု/တရားဝင်ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်ရုပ်သိမ်းထားပြီး ဖြစ်ပါကြောင်းနှင့် ၎င်း၏ တရားမဝင်ထုတ်ပြန်ချက်များ၊ လှုံ့ဆော်မှုများသည် မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူတစ်ရပ်လုံး၏ သဘောထားမဟုတ်ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနှင့် သံတမန်ဆက်ဆံရေးရှိသော အစိုးရများအားလုံးထံ နိုင်ငံခြားရေးဝန်ကြီးဌာန က အသိပေးလိုက်ခြင်းပဲဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက် ထွက်လာပြီး နောက်ပိုင်းမှာ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူ နီပိန်းတွေက တောင်ကိုရီးယား၊ သြစတေးလျား၊ ဂျပန်တို့မှာ သူခိုး ကျော်မိုးထွန်း ကို ကုလသမဂ္ဂမှာ ဆက်လက် ရပ်တည်နိုင်ရေး ဆန္ဒဖော်ထုတ်မှုတွေ လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။ ဒါက စနစ်တကျ လုပ်ဇာတ်ဖန်တီးနေခြင်း ဖြစ်ပါသည်။
ဒါနဲ့ ပတ်သက်လို့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့က မိမိတို့ကို ကိုယ်စားမပြုသည့် သူခိုးကျော်မိုထွန်း၊ ကုလသမဂ္ဂလို နေရာမျိုးမှာ တက်ပြီး အကြမ်းဖက်သမားများကို အကာအကွယ်ပေးကာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သေကြောင်းကြံနေတာနဲ့ ပတ်သက်လို့ သူခိုး ကျော်မိုးထွန်းအား ကုလသမဂ္ဂမှ အမြန်ဆုံး ဖယ်ရှားပေးရေး တိုက်တွန်းတောင်းဆိုသင့်ပါကြောင်း -
နောင်တော်လေး (ဘိုကလေး)
#News #Myanmar