Eleven Media Group

■ The Central Boulevard မှ “Experience the Heart of the Community” ဖြင့် အမှတ်တရအချိန်များကို ဖန်တီးပေးမည်

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနှင့် ကန်ဘဲ့လမ်းထောင့်၊ အင်းယားကန်ရှေ့တည့်တည့်တွင် တည်ရှိသည့် The Central Boulevard သည် အခမ်းအနားများ၊ Corporate Events များ၊ Product Launch များ၊ ရိုက်ကူးရေးနှင့် ဖျော်ဖြေရေးအစီအစဉ်များအပြင် အထူးအခါသမယများအတွက် သင့်လျော်သည့် Venue တစ်ခုအဖြစ် အရည်အသွေးပြည့်မီသော ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။

“Experience the Heart of the Community” ဟူသော အယူအဆနှင့်အညီ The Central Boulevard သည် လူမှုအသိုင်းအဝိုင်းအတွင်း တွေ့ဆုံမှုများ၊ အတွေ့အကြုံများနှင့် အမှတ်တရအချိန်များကို ဖန်တီးပေးနိုင်သည့် နေရာတစ်ခုအဖြစ် ဆက်လက်ဖော်ဆောင်သွားမည် ဖြစ်သည်။

အခမ်းအနား တစ်ခုချင်းစီ၏ လိုအပ်ချက်များကို အလေးထားကာ နေရာအဆင်ပြေမှု၊ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုအရည်အသွေးတို့ကို အာရုံစိုက်ဆောင်ရွက်လျက်ရှိသည်။

“လူတွေ တွေ့ဆုံကြတဲ့နေရာတစ်ခုဆိုတာ အဆောက်အအုံတစ်ခုထက် ပိုပါတယ်။ လူတွေရဲ့ အတွေ့အကြုံတွေနဲ့ အမှတ်တရတွေကို ဖန်တီးပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ The Central Boulevard အနေနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်ပြီး အခိုက်အတန့်တိုင်းကို ထူးခြားမှတ်သားဖွယ် ဖြစ်စေချင်ပါတယ်” ဟု The Central Boulevard ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Central Boulevard — Experience the Heart of the Community.

Make Every Moment Remarkable.

■ Sponsored post

မူရင်းသတင်း — Eleven Media Group