
စက်တင်ဘာ - ၂၄ ( ကြာသပတေးနေ့ )
ဥရောပ နေတိုးအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အရှေ့အလယ်ပိုင်း လုံခြုံရေးအတွက် တာဝန်ပိုယူသင့်တယ်လို့ နေတိုးအဖွဲ့ ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် မက်ခ်ရက်တီ က ပြောလိုက်တယ်။ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုကိုလည်း သူက ကာကွယ်ပြောဆိုခဲ့ပြီး၊ ဥရောပအဖွဲ့ဝင်တွေ အနေနဲ့ လူမှုဖူလုံရေးကို လျှော့သုံးပြီး စစ်ရေးဘတ်ဂျက်ကို ပိုသုံးသင့်တယ်လို့ ဆိုတယ်။
ရက်တီ က အင်္ဂါနေ့တုန်းက အိုင်အိုဝါပြည်နယ်က ကမ္ဘာ့အရေးပေါ်ကချီကာဂိုကောင်စီ အခမ်းအနားမှာ အခုလို ပြောသွားခဲ့တာပါ။ အမေရိကန်တွေအတွက် နေတိုအဖွဲ့ မှာ ဘာအကျိုးအမြတ်ရှိလဲဆိုတာ ရှင်းပြပေးဖို့ တောင်းဆိုခံရချိန်မှာ အခုလို ပြောခဲ့တာပေါ့ဗျာ။
သူက အရှေ့အလယ်ပိုင်းကို "အမေရိကန်ရဲ့ နောက်ဖေးပေါက် မဟုတ်ဘဲ ဥရောပရဲ့ နောက်ဖေးပေါက်" လို့ တင်စားခဲ့ပြီး၊ အမေရိကန်ရဲ့ စစ်ဆင်ရေးက လိုအပ်ပေမဲ့ "ဥရောပဘက်မှာ ကိုယ်တိုင်လုပ်နိုင် လောက်တဲ့ စွမ်းရည်မရှိလို့" အမေရိကန်ကပဲ လုပ်ခဲ့ရတာလို့ ပြောတယ်။
"နောင်လာမယ့် အနာဂတ်မှာ အားကောင်းလာမယ့် နေတိုးအဖွဲ့ကြောင့် ဥရောပသားတွေဟာ ကိုယ့်နောက်ဖေးပေါက်ကို ကိုယ်တိုင် ပြန်စောင့်ရှောက်နိုင်လာမှာပါ" လို့ ရက်တီ က ပြောသွားခဲ့တယ်။
ဖေဖော်ဝါရီလနှောင်းပိုင်းမှာ စတင်ခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုတွေ ကြောင့် နေတိုး အဖွဲ့ဝင် ဥရောပနိုင်ငံတချို့က ဝါရှင်တန်ရဲ့ စစ်ရေးလုပ်ရပ်တွေကို မထောက်ခံဘဲ ငြင်းဆန်ခဲ့ကြလို့ အဖွဲ့အတွင်းမှာ အကြီးအကျယ် ပဋိပက္ခတွေ ဖြစ်လာခဲ့ပါတယ်။
ဥပမာ- စပိန်နိုင်ငံဆိုရင် အမေရိကန် တိုက်လေယာဉ်တွေ သူ့ရဲ့စစ်အခြေစိုက်စခန်းတွေကို သုံးခွင့်မပေးဘဲ ငြင်းပယ်ခဲ့တာကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထမ့်ပ် တစ်ယောက် တော်တော်လေး ဒေါသထွက်သွားခဲ့ပါတယ်။ ဂျာမနီနဲ့ ဗြိတိန်ကလည်း ဒီစစ်ပွဲဟာ “သူတို့နဲ့ မဆိုင်ဘူး” လို့ တရားဝင် ပြောဆိုခဲ့ကြပေမဲ့ အမေရိကန်နဲ့ အစ္စရေးကိုတော့ ထုံစံအတိုင်း ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်တာမျိုးတော့ မလုပ်ခဲ့ကြပါဘူး။
အဲ့ဒီနောက်ပိုင်းမှာ သမ္မတထရမ့်က ဥရောပမဟာမိတ်တွေဟာ နေတိုးရဲ့ တာဝန်ဝတ္တရားတွေကို မကျေပွန်ကြဘူးလို့ ခဏခဏ အပြစ်တင်လာပါတယ်။ ပြီးတော့ အမေရိကန် အရေးပေါ်လိုအပ်တဲ့ အချိန်မှာ နေတိုးအဖွဲ့ဝင်တွေက “ဝင်မကူကြဘူး” ဆိုပြီးလည်း စွပ်စွဲခဲ့ပါတယ်။
Ref: RT
#News #Myanmar