Eleven Media Group

■ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် AMATA ကုမ္ပဏီမှတာဝန်ရှိသူများ ထိုင်းနိုင်ငံတွင် တွေ့ဆုံပြီး မြန်မာနိုင်ငံရှိ စီမံကိန်းအောင်မြင်စွာအကောင်အထည် ဖော်နိုင်ရေးကိစ္စရပ်များ ဆွေးနွေး

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် AMATA Corporation Public Company Limited ၏ Chief Marketing Officer နှင့် Yangon AMATA Smart and Eco City Ltd., ၏ Managing Director ဖြစ်သူ Mr. Yasuo Tsutsui ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်တွင် မြန်မာသံရုံး၊ ဘန်ကောက်မြို့၌ တွေ့ဆုံခဲ့​ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် Yangon AMATA Smart and Eco City (YASEC) စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်မှု အခြေအနေနှင့်စပ်လျဉ်း၍ AMATA Corporation Public Company Limited မှ တင်ပြဆွေးနွေးခဲ့ပြီး စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့် အလားအလာကောင်းများကို ရှာဖွေဖော်ထုတ်နိုင်ရေး နှစ်ဖက်အမြင်ချင်းဖလှယ်ခဲ့​ကြောင်း သိရသည်။

AMATA Corporation Public Company Limited ဘက်မှ မြန်မာနိုင်ငံတွင် ဆောင်ရွက်ဆဲကိစ္စရပ်များအပေါ် အခြေခံကာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားရန် ဆန္ဒရှိမှုကိုလည်း ဖော်ပြခဲ့​ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

မူရင်းသတင်း — Eleven Media Group