

တပ်ကုန်း၊ စက်တင်ဘာ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ဆရာတော်၊ သံဃာတော်များ စက်တပ်ယာဉ်များ မောင်းနှင်ခြင်းမပြုလုပ်ရန် ပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့အဝင်၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌတို့ ကြီးကြပ်မှုဖြင့် မြို့နယ်သာသနာထိန်းသိမ်းစောင့်ရှောင့်ရေးအဖွဲ့ဝင် ဆရာတော်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်သာသနာရေးဦးစီးမှူး၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့က သံဃာ စည်းကမ်းထိန်းသိမ်းရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားသည့် ညွှန်ကြားလွှာများကို မြို့အဝင် ရန်ကုန်-မန္တလေးကားလမ်းမတွင် ဆရာတော်၊ သံဃာတော်များ မောင်းနှင်လာသည့် ကားများ၊ ဆိုင်ကယ်များ၊ ဘုန်းတော်ကြီးကျောင်းကားများ မောင်းနှင်လာသည့် ကားသမားအား ရပ်တန့်စေပြီး ပညာပေးပြောကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်
#News #Myanmar