Eleven Media Group

■  မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲ (တောင်ကြီး) တွင် ပွဲစား ပပျောက်ရေးအတွက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်း၍ လုပ်ဆောင်လျက်ရှိ

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲ (တောင်ကြီး) တွင် ပွဲစား ပပျောက်ရေးအတွက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်း၍ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ဝန်ထမ်းများ မလိုအပ်ဘဲ အချိန်ကြန့်ကြာ လုပ်ဆောင်ချက်မျိုး မရှိစေရန် ဌာနတွင်း အဂတိ တရား မရှိရန်ကြပ်မတ်နေပြီး၊ အဂတိ တရား ရှိခဲ့လျှင်လည်း ပြည်သူများ အနေဖြင့် ရဲဝံ့စွာ တိုက်ကြားရန် ပွဲစားများ ပပျောက်စေရန်ကိုလည်း ပြည်သူများ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း တာဝန်ရှိသူ ဖြေကြားချက် အရ သိရသည်။

ပြည်သူများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့၏ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ပွဲစားများနှင့် ချိတ်ဆက်ဆောင်ရွက်မှု မပြုလုပ်ဘဲ ရုံးသို့ လူကိုယ်တိုင်လာရောက် လျှောက်ထား ဆောင်ရွက်သင့်ကြောင်း ဆိုသည်။

ကြားခံပွဲစားများကို အရေးယူခြင်းနှင့် ပတ်သက်၍လည်း လွန်ခဲ့သော စက်တင်ဘာလ ၂၂ ရက်၌ ပတ်စပို့ရုံးအနီးတွင် နိုင်ငံကူးလက်မှတ် လျှောက်ထား သူများအား သတ်မှတ် ငွေကြေးထက် ကျော်လွန် တောင်းခံပြီး ပွဲစားလုပ်ငန်းများ ဆောင်ရွက်နေသူ ပွဲစား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးပြီး အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း၊ ပြည်သူများ၏ သတင်းပေးတိုင်ကြားချက်အရ ထွက်ပြေးတိမ်းရှောင်နေသည့် ပွဲစာအမျိုးသမီး တစ်ဦးကိုလည်း စက်တင်ဘာ ၂၅ ရက်က အမှုဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group