Eleven Media Group

■ ဝယ်ယူသူများနှင့် အငြင်းပွားမှုများ ဖြစ်ပွားနေသည့် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ The Central အရောင်းပြခန်းကို စသုံးလုံးက ချိပ်ပိတ် စစ်ဆေးနေကြောင်း သိရ

ဝယ်ယူသူများနှင့် အငြင်းပွားမှုများ ဖြစ်ပွားနေသည့် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ The Central အရောင်းပြခန်းကို စသုံးလုံးက ချိပ်ပိတ် စစ်ဆေးနေကြောင်း သိရသည်။

အောက်တိုဘာ ၃ ရက် နံနက်တွင် စသုံးလုံးမှ ခေါ်ယူစစ်ဆေးနေပြီး မွန်းလွဲပိုင်းတွင် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ The Central အရောင်းပြခန်းကို ချိပ်ပိတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများကို ဆက်လက်ဆက်သွယ်မေးမြန်းလျက်ရှိပြီး သိရှိရသည်များကို ဆက်လက်ဖော်ပြသွားပါမည်။

အလားတူ The Central မှာ တာဝန်ရှိသူအချို့ထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပေ။

အောက်တိုဘာ ၃ ရက်တွင် နစ်နာလျက်ရှိသည့် The Central၊ The Parkနှင့် Soho Tower များတွင် အခန်းဝယ်ယူထားသူများအနက် ၁၀၅ ဦးက ပေးစာတစ်စောင်ကို သွားရောက်ပေးအပ်ခဲ့ရာတွင် စစ်ဆေးခံနေရသဖြင့် ရုံးတွင်စာလက်ခံမည့်သူမရှိသဖြင့် ပေးအပ်နိုင်ခြင်းမရှိခဲ့ကြောင်း အခန်းပိုင်ရှင်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသ

အောက်တိုဘာ ၃ ရက် ညနေပိုင်းတွင် ကမ္ဘာအေးဘုရာလမ်းပေါ်ရှိ The Central အရောင်းပြခန်းကို သွားရောက်ကြည့်ရှုရာတွင် ရုံးခန်းအဝင်ဝတံခါးကို လိမ္မော်ရောင်ကြိုးဖြင့် ချည်ထားပြီး အပေါ်တွင် အနီရောင်အမှတ်အသားဖြင့် ပိတ်ထားသည်ကို တွေ့ရသည်။

လူမှုကွန်ရက်စာမျက်နှာအချို့တွင်လည်း အဆိုပါအရောင်းပြခန်းရုံးခန်းကို ပိတ်ထားသည့်အခြေအနေများကို ရုပ်သံမှတ်တမ်းများဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။

အချို့အခန်းများမှာ ပေးသွင်းငွေ ရာခိုင်နှုန်း ၉၀ အထိ ပေးသွင်းပြီး ဖြစ်သော်လည်း ပေးအပ်မည်ဟု သတ်မှတ်ထားသည့် ခုနှစ်ထက် အနည်းဆုံးနှစ်နှစ်ကျော်ကြာသည်အထိ အခန်းမအပ်နိုင်ခြင်းကြောင့် အခန်းပိုင်ရှင်များက မည်သည့်အချိန်တွင် အခန်းအပ်နိုင်မလဲဆိုသည်ကို မေးမြန်းမှုများရှိခဲ့သည်။

အဆိုပါဖြစ်ရပ်များနှင့် ပတ်သက်ပြီး အခန်းပိုင်ရှင်များအားလုံးအတွက် အခန်းများအားလုံးကို အပြီးသတ်ဆောက်လုပ်ပြီး လွှဲပြောင်းပေးအပ်သွားမည်ဟု The Central စီမံကိန်းကို အကောင်အထည် ဖော်နေသည့် Developer ဖြစ်သည့် Marga Landmark ကုမ္ပဏီက ထုတ်ပြန်ထားသည်။

မူရင်းသတင်း — Eleven Media Group