Myanmar National Post

ပေါင်မြို့နယ်၌ ရထားနှင့် ကားလမ်းကူးများတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်





ပေါင် ၊ အောက်တိုဘာ ၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ရထားနှင့် ကားလမ်းကူးနေရာများ၌ ယာဉ်အန္တရာယ်မဖြစ်ပွားစေရေးအတွက် ယနေ့ အောက်တိုဘာ ၄ ရက်တွင် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ရထားလမ်းနှင့် ကားလမ်းကူးရာ၌ ယာဉ်မောင်းသူများအနေဖြင့် ရထားသွားလာမှုကို သတိပြုစောင့်ကြည့်ပြီး စည်းကမ်းတကျ ဖြတ်သန်းမောင်းနှင်ကြရန်၊ အန္တရာယ်ရှိနိုင်သည့် အခြေအနေများကို ရှောင်ရှားကြရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး စည်းကမ်းချက်များကို လိုက်နာကြရန် အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့ပြင် ယာဉ်မောင်းသူများနှင့် လမ်းသွားလမ်းလာများအား ရထားနှင့် ကားလမ်းကူးများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များပါဝင်သည့် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post