Eleven Media Group

AI နှင့် ဒရုန်းစွမ်းရည်များ မြှင့်တင်ရန် ပင်တဂွန်က 'Autowarcom' စစ်ဌာနချုပ်သစ် စတင်ဖွဲ့စည်း

အမေရိကန်စစ်တပ်တွင် အလိုအလျောက် မောင်းနှင်စနစ်နှင့် စက်ရုပ်နည်းပညာစွမ်းရည်များကို အဆင့်မြှင့်တင်ရန်နှင့် ပံ့ပိုးပေး ရန်သီးသန့်ရည်ရွယ်သော စစ်ဌာနချုပ်သစ်ကို စက်တင်ဘာလ ၃၀ ရက်တွင်စတင်ဖွဲ့စည်းလိုက်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က ကြေညာခဲ့သည်။

"Autonomous Warfare Command (အလိုအလျောက် စစ်ဆင်မှုစစ်ဌာနချုပ်) "ဟု အမည်ပေးမည် ဖြစ်ကြောင်း ဝန်ကြီးဟက်ဆက်ကပြောကြားခဲ့သော အဆိုပါစစ်ဌာနချုပ်သည်လျင်မြန်စွာ ပြောင်းလဲနေသော စစ်ပွဲများ၏ သဘောသဘာဝနှင့်ဒရုန်းများ အပါအဝင် AIနည်းပညာအသုံးပြုမှု အရေးပါလာပုံကို မီးမောင်း ထိုးပြနေသည်။

စစ်ဌာနချုပ်အသစ်ဖွဲ့စည်းခြင်းမှာ ဖြစ်လေ့ဖြစ်ထမရှိဘဲ ယခုလိုမျိုး နောက်ဆုံးဖွဲ့စည်းခဲ့သည်မှာ ၂၀၁၉ ခုနှစ်က အမေရိကန်အာကာသစစ်ဌာနချုပ်(US Space Command)ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ယခုလုပ်ဆောင်ချက်သည် ကုန်ကျစရိတ်ကြီးမားသည့် သမားရိုးကျလက်နက်စနစ်များမှသည် မျက်မှောက် ပဋိပက္ခများတွင် အရေးပါကြောင်း သက်သေပြခဲ့သည့် ကုန်ကျစရိတ်သက်သာပြီး AI အခြေပြုအလိုအလျောက် စနစ်များဆီသို့ ပြောင်းလဲရန်ပင်တဂွန်၏ အရှိန်အဟုန်မြှင့် ကြိုးပမ်းမှုကို ထင်ဟပ်စေသည်။

ဗာဂျီးနီးယားပြည်နယ်၊ ကွမ်တီကိုတွင် အရာရှိငယ်များနှင့် အကြပ်စစ်သည်ရာပေါင်းများစွာ၏ ရှေ့၌ ပြောကြားခဲ့သည့်မိန့်ခွန်းတွင် ကာကွယ်ရေးဝန်ကြီးဟက်ဆက်က သတင်းမီဒီယာကို ထိုးနှက်ဝေဖန်ခဲ့ပြီး အသစ်ဖွဲ့စည်းလိုက်သောစစ်ဌာနကို ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးက ဦးဆောင်မည်ဟု ဆိုသည်။

"စစ်ပွဲရဲ့အရှိန်အဟုန်ဟာ စစ်ပွဲကိုပံ့ပိုးပေးတဲ့ လုပ်ငန်းစဉ်ထက် ပိုမိုမြန်ဆန်စွာ ပြောင်းလဲနေပါတယ်"ဟု ကာကွယ်ရေးဝန် ကြီးက State of the Force မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဘာသာရေးရာရုံးကိုလည်း ဖွဲ့စည်းမည်ဟု ဆိုသည်။ အမေရိကန်သည် ကမ္ဘာတစ်ဝန်းရှိ ဒေသအသီးသီးတွင် စစ်ဌာနချုပ် ၁၁ ခုရှိသည်။

Ref:Reuters

မူရင်းသတင်း — Eleven Media Group