
လေယာဉ်လက်မှတ်ခများ သတ်မှတ်ဈေးနှုန်းထက် ပိုမိုဝယ်ယူရခြင်းနှင့် fake accounts များမှတစ်ဆင့် ဝယ်ယူရခြင်းများရှိပါက တိုင်ကြားနိုင်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
လေကြောင်းလိုင်းများ၏ လေယာဉ်လက်မှတ်ခ နှုန်းထားများအား သတ်မှတ်ဈေးနှုန်းထက် ပိုမိုသည့်နှုန်းထားဖြင့် ဝယ်ယူခဲ့ရခြင်း၊ fake accounts များမှတစ်ဆင့် ဝယ်ယူခဲ့ရခြင်းများရှိပါက ခရီးသည် အမည်၊ ဝယ်ယူခဲ့သည့် ရက်စွဲ၊ ခရီးစဉ် အချက်အလက်၊ Booking PNR/Ticket အမှတ်၊ ဝယ်ယူခဲ့ရသည့် ဈေးနှုန်းနှင့် ငွေပေးချေသည့် အထောက်အထား စသည့် တိကျသည့် သတင်းအချက်အလက်များနှင့်အတူ သက်ဆိုင်ရာ လေကြောင်းလိုင်းများသို့ တိုက်ရိုက်တိုင်ကြားနိုင်ပါကြောင်း သိရသည်။
လေယာဉ်လက်မှတ်ခ နှုန်းထားများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်း၊ fake accounts များမှတစ်ဆင့် ရောင်းချခြင်းများ တွေ့ရှိရပါက မည်သူမဆို ပြစ်မှုဆိုင်ရာ ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။