





ထန်းတပင်(ရန်ကုန်)၊ အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသင်း အဖွဲ့များဖြင့်ပူး ပေါင်းကာကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရေးနှင့်အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ ပြိုင်ပွဲနှင့်ပြပွဲများကိုကျင်းပပြုလုပ်ပေးလျက်ရှိပြီးအောက်တိုဘာလ(၅)ရက်နေ့၊ မွန်းလွဲပိုင်းက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာ ပေးဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြသည်။
ဦးစွာ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဌိပြိုင်ပွဲ၊စကားပုံဆက်ပြိုင်ပွဲ၊ ဘယ်ခြေညာလက်ပြိုင်ပွဲ၊ ခွက်စီပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲနှင့် ဘောလုံးဖောက်ပြိုင်ပွဲတို့ကိုကျင်းပပြုလုပ်ခဲ့ကြရာပြိုင်ပွဲများသို့ကျောင်းသား၊ ကျောင်းသူများဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသလို ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများကိုလည်းဦးစီးအရာရှိ ဦးအောင်စံထွန်းနှင့်တာဝန်ရှိသူများကအမှတ်တရ လက်ဆောင်များအသီးသီး ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ ဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ကြရာ မြို့ နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စံထွန်းက ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပပြုလုပ် ရ ခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြားခဲ့ပြီး အထက်တန်းပြဆရာ ဒေါ်လွင်လွင်မာ၊ မြို့နယ်သတင်းစာဆရာများအသင်း ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် မြို့နယ်ဗုဒ္ဓဘာသာက လျာဏယုဝအသင်း( YMBA )အတွင်းရေးမှူး ဦးရန်လင်းအောင်တို့က ကမ္ဘာ့ဆရာများနေ့ အကြောင်း သိကောင်းစရာများကိုတက် ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အသိပညာဟောပြောခဲ့ကြသည်။
ဆက်လက် ၍ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ပုံပြင်ပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲတို့တွင်ဆုရရှိခဲ့ကြသည့်ကျောင်းသား၊ကျောင်းသူများအား မြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စံထွန်းနှင့် တာဝန်ရှိသူများကဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများကမြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့်အသိပညာပေးနံရံကပ်စာစောင် များနှင့်သုတရသစာအုပ် စာစောင်များ ကိုကျောင်းသား၊ ကျောင်းသူ များက ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။
#News #Myanmar