






ပေါင်၊ အောက်တိုဘာ ၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပေါင်မြို့နယ် ပညာရေးမိသားစု ကျောင်းပေါင်းစုံ နဝမအကြိမ်မြောက် ဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်သာသနာ့ဗိမာန် ဓမ္မသဘင်ဆောင်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ပူဇော်၍ ဖွင့်လှစ်ခဲ့ပြီး ကဒုံစီးတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တပညာသာမိ၊ မုကျိတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဝရသာမိ နှင့် သံဃနာယက ဆရာတော်ကြီးများထံမှ ဩဝါဒကထာများ နာယူခဲ့ကြသည်။
ထို့နောက် မြို့နယ်သာသနာရေးမှူးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး မြို့နယ်ပညာရေးမှူးက ဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာတော်မြတ် ရွတ်ဆိုပူဇော်ပြိုင်ပွဲများ ကျင်းပရေးနှင့် စပ်လျဉ်း၍ လျှောက်ထားခဲ့ပြီးနောက် ဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာတော်မြတ် ရွတ်ဆိုပူဇော်ပြိုင်ပွဲများကို စတင်ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ဓမ္မစကြာ (၂၅) ဖွဲ့နှင့် ပဋ္ဌာန်း (၁၅) ဖွဲ့တို့က အောက်တိုဘာလ (၆) ရက်နေ့မှ (၉) ရက်နေ့အထိ ရွတ်ဆိုယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အောက်တိုဘာလ (၁၀) ရက်နေ့တွင် ဆုချီးမြှင့်ပွဲ အခမ်းအနား ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး
#News #Myanmar