Eleven Media Group

■ တောင်ငူမြို့တွင် အောက်တိုဘာလအတွင်း တစ်ရက်လျှင် လျှပ်စစ်မီး ၁၂ နာရီအထိ အလှည့်ကျ မီးပေးမည်

တောင်ငူမြို့တွင် အောက်တိုဘာလအတွင်း လျှပ်စစ်ဓာတ်အားကို အလှည့်ကျစနစ်ဖြင့် ပေးသွားမည်ဖြစ်ပြီး အုပ်စုတစ်ခုလျှင် တစ်ရက်လျှင် ၄ နာရီစီဖြင့် သုံးကြိမ်၊ စုစုပေါင်း ၁၂ နာရီအထိ မီးရရှိမည့် အချိန်ဇယားအား တောင်ငူခရိုင်လျှပ်စစ်ရုံး ထုတ်ပြန်ချက်အရ သိရသည်။

အချိန်ဇယားအရ တစ်ရက်လျှင် ၄ နာရီစီဖြင့် အချိန်ပိုင်း ၆ ပိုင်းခွဲထားပြီး ည ၁၂ နာရီမှ မနက် ၄ နာရီအထိလည်းကောင်း၊၊ နံနက် ၄ နာရီမှ ၈ နာရီအထိလည်းကောင်း၊ နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီအထိလည်းကောင်း၊ နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း၊ ညနေ ၄ နာရီမှ ည ၈ နာရီအထိနှင့် ည ၈ နာရီမှ ည ၁၂ နာရီအထိ ခွဲခြား သတ်မှတ်ထားကြောင်းသိရသ

မီးလာမည့်အချိန်၊ ပျက်မည့်အချိန်ကိုသိရှိနိုင်ရန်အတွက် မိမိနေထိုင်သည့် ရပ်ကွက်၊ မြို့နယ် သို့မဟုတ် ဓာတ်အားပေးလိုင်း (Feeder) အမည်ကို ဇယား (၃) နှင့် (၄) တွင် ရှာဖွေပြီး မည်သည့် Group တွင် ပါဝင်သည်ကို သိရှိနိုင်မည်ဖြစ်ပြီး Group များကို A၊ B၊ C၊ D၊ E ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။

ဇယားအချိန်ကွက်တစ်ခုတွင် Group နှစ်ခုတွဲ၍ ဖော်ပြထားပါက ထိုအချိန်အတွင်း သက်ဆိုင်ရာ Group နှစ်ခုလုံး လျှပ်စစ်မီးရရှိမည်ဖြစ်ပြီး ဥပမာ Group AB ဟု ဖော်ပြထားသည့် အချိန်ကွက်တွင် Group A နှင့် Group B တို့ မီးရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မိမိပါဝင်သည့် Group စာလုံးပါဝင်သော အချိန်ကွက်များကို ကြည့်ရှုခြင်းဖြင့် မိမိနေထိုင်ရာ ရပ်ကွက်အတွက် မီးလာမည့်အချိန်နှင့် မီးပျက်မည့်အချိန်ကို သိရှိနိုင်မည်ဖြစ်ပြီး၊ Group A ဖြစ်ပါက အောက်တိုဘာလ ၁ ရက်နေ့တွင် ၀၀:၀၀ နာရီမှ ၀၄:၀၀ နာရီအထိ Group AB၊ ၁၂:၀၀ နာရီမှ ၁၆:၀၀ နာရီအထိ Group AE နှင့် ၂၀:၀၀ နာရီမှ ၂၄:၀၀ နာရီအထိ Group AB ဖြစ်သဖြင့် အဆိုပါအချိန်များတွင် လျှပ်စစ်မီးရရှိမည် ဖြစ်ကြောင်း သိရသည်။

အလှည့်ကျစနစ်အရ မီးလာမည့်အချိန်များမှာ ရက်အလိုက် ပြောင်းလဲသွားမည်ဖြစ်သဖြင့် မိမိနေထိုင်ရာ ရပ်ကွက် သို့မဟုတ် ဓာတ်အားပေးလိုင်းနှင့် သက်ဆိုင်သည့် Group ကို အရင်ရှာဖွေပြီး သက်ဆိုင်ရာရက်၏ အချိန်ဇယားအတိုင်း ကြည့်ရှုရန် လိုအပ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group