
တွန်းဇံ၊ အောက်တိုဘာ ၇
ချင်းပြည်နယ် တွန်းဇံမြို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် ဌာနဆိုင်ရာအဆောက်အဦများ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီ အတွင်းရေးမှူး (မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ) ဦးစိုးငြိမ်းထက်နှင့်အဖွဲ့ဝင်များသည် ယနေ့နံနက် (၁၀) နာရီက ဌာနဆိုင်ရာအဆောက်အဦများ ပြုပြင်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ လုပ်ငန်းဆောင်ရွက်မှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် Divine Power ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေကျပ် (၉.၅၉၆) သန်းဖြင့် ဆောင်ရွက်သည့် မြို့နယ်ထွေ/အုပ်ရုံး (အဟောင်း) ပြုပြင်ခြင်း၊ Divine Power ကုမ္ပဏီမှ ရန်ပုံငွေကျပ် (၃.၅၆၃) သန်းဖြင့်ဆောင်ရွက်သည့် မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ် (အဟောင်း) ပြုပြင်ခြင်း၊ Divine Power ကုမ္ပဏီမှ ရန်ပုံငွေကျပ် (၃.၄၅၉) သန်းဖြင့် ဆောင်ရွက်သည့် မြို့နယ်ထွေ/အုပ်၊ ဒုဦးစီးမှူးနေအိမ် (အဟောင်း) ပြင်ခြင်း AIGD Family ကုမ္ပဏီမှ ရန်ပုံငွေကျပ် (၆.၅၁၇) သန်းဖြင့် ဆောင်ရွက်သည့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးအဆောက်အဦ နံကပ် (၂) ထပ်ပြုပြင်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့သည် လုပ်ငန်းဆောင်ရွက်မှုများ ကွင်းဆင်းစစ်ဆေးရာ၌ တွန်းဇံမြို့တွင် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဌာနဆိုင်ရာအဆောက် အဦများအနက် (၄၂) လုံးကို ဒေသခံကုမ္ပဏီ (၁၆) ခုက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး၊ ယနေ့အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု (၇၈.၈၁) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးရေး၊ စံချိန်စံညွှန်းနှင့်အညီ ဖြစ်စေရေးမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
#News #Myanmar