Myanmar National Post

သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းဈေး ရာပြည့်ပွဲတော်ကြီး ဖွင့်ပွဲအခမ်းအနား ကျင်းပ











ရန်ကုန်၊ အောက်တိုဘာ ၇

သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းဈေး ရာပြည့်ပွဲတော်ကြီး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းဈေးတွင် ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းဈေး ရာပြည့်ပွဲတော်ကြီး အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် အခမ်းအနားတွင် သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းဈေး ရာပြည့်ပွဲတော်ကြီး အခမ်းအနား၏ စီစဉ်သူ ဒေါ်ချောစုထွေး က ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တေးသံရှင် ဟိန်းတေဇက “ မြန်မာ့ရှုခင်း မြန်မာ့စိတ်ရင်း” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။

၎င်းနောက် မော်ဒယ်များက “မြန်မာမလေးပါရှင်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ဒီဇိုင်နာအား အခမ်း အနား၏ စီစဉ်သူ ဒေါ်ချောစုထွေးက အမှတ်တရ ပန်းစည်းပေးအပ်သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက သမိုင်းဝင် ဗိုလ်ချုပ် အောင်ဆန်းဈေး ရာပြည့်ပွဲတော်ကြီး အခမ်းအနားအတွင်း ဈေးဆိုင်ခန်းများနှင့် ပြသထားသည် ဗိုလ်ချုပ် အောင်ဆန်းဈေးကြီး၏ နှစ်(၁၀၀)ပြည့် သမိုင်းမှတ်တိုင်များအား လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းဈေး ရာပြည့်ပွဲတော်ကြီး အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တို ဘာလ(၇)ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post