Myanmar National Post

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၉)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအားကြိုဆို


နေပြည်တော်၊ အောက်တိုဘာ ၁၁

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၉) သို့ တက်ရောက်ကြမည့် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံ့သားကောင်းရတနာများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်း တွင် ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၂၉) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား အောင်သပြေပန်းများ၊ စားသောက်ဖွယ်ရာများဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ် ဆက်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါသင်တန်းသို့ တက်ရောက်မည့် နိုင်ငံ့သားကောင်း ရတနာများအား လိုအပ်သည့် စုဖွဲ့ပြင်ဆင်မှုများနှင့် အုပ်ချုပ်မှုကိစ္စရပ် များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post