
အောက်တိုဘာ - ၁၂ ( တနင်္လာနေ့ )
ဂျာမနီနိုင်ငံရဲ့ အတိုက်အခံပါတီ နှစ်ခုဖြစ်တဲ့ လက်ယာစွန်း AfD ပါတီနဲ့ လက်ဝဲစွန်း BSW ပါတီတို့က ရုရှားနဲ့ စီးပွားရေးဆက်ဆံမှုတွေ ပြန်စကြဖို့ တောင်းဆိုလာကြတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ရုရှားနဲ့ ဒီဇယ်တင်သွင်းတဲ့ သဘောတူညီချက် လုပ်လိုက်တာကို အတုယူပြီး လုပ်သင့်တယ်လို့ ဆိုပါတယ်။ ဂျာမနီမှာ စက်သုံးဆီဈေးတွေ အရမ်းကြီးလာပြီး ဥရောပရဲ့ အကြီးဆုံးစီးပွားရေးကိုပါ ထိခိုက်လာနေတာကြောင့် ဝန်ကြီးချုပ် ဖရိုင်ဒရစ်မားဇ် ရဲ့ ပိတ်ဆို့အရေးယူမှု မူဝါဒကို အခုလို စိန်ခေါ်လာကြတာပါ။
ဆက်ဆွန်နီ-အန်ဟယ်လ် ပြည်နယ်ရဲ့ ပါလီမန်မှာ အမတ်နေရာ အများစုကို ရယူထားတဲ့ အဲဒီပါတီ နှစ်ခုက ရုရှားအပေါ် ပိတ်ဆို့မှုတွေ ရပ်ဆိုင်းပေးဖို့နဲ့ ကိဗ် (ယူကရိန်း) ကို ငွေကြေးထောက်ပံ့တာတွေ ရပ်တန့်ဖို့ ပူးတွဲ အဆိုတင်သွင်းဖို့ ပြင်ဆင်နေကြပါပြီ။ ဘာလင်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ စီးပွားရေးဆိုင်ရာ ဆိုးကျိုးတွေအပေါ် လူထုရဲ့ မကျေနပ်ချက်တွေ မြင့်တက်လာချိန်မှာ အခုလို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ဆာ့ဇ်ဝါဂင်နက် မဟာမိတ် (BSW) ပါတီရဲ့ ပါလီမန်အဖွဲ့ ဒုတိယခေါင်းဆောင် ကလော်ဒီယာ ဝစ်တစ် ကတော့ ဂျာမနီမီဒီယာတွေကို ပြောကြားရာမှာ "ဂျာမနီအနေနဲ့လည်း ရုရှားနဲ့ ဒီဇယ်သဘောတူညီချက် ရဖို့လိုတယ်" လို့ ဆိုပါတယ်။
ဂျာမနီနိုင်ငံရဲ့ ဆီဆိုင်တွေမှာ စက်သုံးဆီဈေးနှုန်းတွေက "အရှက်ရစရာကြီး ဖြစ်နေတယ်" လို့ ဝစ်တစ်က ဝေဖန်ခဲ့ပြီး၊ ရုရှားအပေါ် ပိတ်ဆို့မှုတွေဟာ လုံးဝကို အလုပ်မဖြစ်ဘဲ ဂျာမနီနိုင်ငံ ကိုယ်တိုင်ကိုသာ အဓိက ထိခိုက်နစ်နာစေတယ်လို့ ထောက်ပြပါတယ်။ ဒါကြောင့် ဘာလင်အစိုးရအနေနဲ့ တစ်ကြိမ်တခါတည်း လုပ်တဲ့ စက်သုံးဆီ သဘောတူညီချက်နဲ့တင် မရပ်ဘဲ ဂျာမနီစက်မှုလုပ်ငန်းတွေကို ကယ်တင်နိုင်ဖို့ ရုရှားဆီနဲ့ သဘာဝဓာတ်ငွေ့တွေကို ပုံမှန်တင်သွင်းတာမျိုးတွေပါ ပြန်လုပ်သင့်တယ်လို့ သူက တောင်းဆိုထားပါတယ်။
REF: RT
#News #Myanmar