Eleven Media Group

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တွင် ဧရာဝတီမြစ်အတွင်း အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံး

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တွင် ဧရာဝတီမြစ်အတွင်း အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှု ယနေ့ဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ယနေ့ (အောက်တိုဘာ ၁၉ ရက်) နံနက် ၁၁ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သရက်တပင်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်း အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါရေနစ်ပျောက်ဆုံသူအား ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်း၊ အောင်မြင်သာစံမြို့နယ်မီးသတ်စခန်းနှင့် ညောင်ကွဲအရန်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းသားများဖြင့် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နေ့လယ် ၁၂ နာရီခန့်တွင် ရေနစ်ပျေက်ဆုံသူ၏ Dead Body ကို တွေ့ရှိခဲ့ပြီး စေတနာမေတ္တာဂရုဏာလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

မူရင်းသတင်း — Eleven Media Group