
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးပြဿနာများဖြစ်ပွားနိုင်ခြေကို ရိုးရှင်းပြီး ထိရောက်သည့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်ပါက ထိရောက်စွာ လျှော့ချနိုင် မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အပူဒဏ်အန္တရာယ်အနေဖြင့် ရေဓာတ်ခန်းခြောက်ခြင်း၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) ၊အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) အသက် အန္တရာယ်ဖြစ်ခြင်းတို့ဖြစ်သည်။
ဆောင်ရွက်ရန်အနေဖြင့် ရေများများသောက်ပါ၊ အရိပ်ရ၍အေးမြသော နေရာတွင်အနားယူပါ၊ အပြင်သွားရလျှင် ထီး၊ ဦးထုပ်ဆောင်းပါ၊အရက်၊ဘီယာ၊ကော်ဖီနှင့်အချိုရည်လွန်ကဲစွာ သောက်သုံးခြင်းကို ရှောင်ကြဉ်ရန် တို့ဖြစ်သည်။
ထို့ပြင် ရေရှားပါးမှုနှင့် ရေကြီးရေလျှံမှုကြောင့် မသန့်ရှင်းသောရေနှင့်အစားအစာများမှ ကူးစက်ဖြစ်ပွားနိုင်သော ရောဂါများအနေဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ဝမ်းကိုက်ရောဂါ၊အစာအဆိပ်သင့်ခြင်း၊တိုက်ဖွိုက်ရောဂါ၊ အသည်းရောင်အသားဝါရောဂါများ၊ အရေပြား/မျက်စိ ရောဂါများ ဖြစ်ပွားနိုင်သည်။
ဆောင်ရွက်ရန်အနေဖြင့် ဆူပွက်အောင်ကျိုချက်ထားသောရေ သို့မဟုတ် သန့်စင်ထားသောရေကိုသာ သောက်သုံးပါ၊ ပူပူနွေးနွေးချက်ပြုတ်စားသောက်ပါ၊ ယင်နား စာများကို မစားပါနှင့်၊လက်ကို ဆပ်ပြာနှင့်ရေသုံးပြီး စနစ်တကျ မကြာခဏ ဆေးကြောပါ၊ခြင်ပေါက်ပွားမှုများပြားခြင်းကြောင့် ဖြစ်ပေါ်သောကူးစက်ရောဂါများ သွေးလွန်တုပ်ကွေးရောဂါ၊ငှက်ဖျားရောဂါနှင့်ခြင်မှတစ်ဆင့်ကူးစက် တတ်သောရောဂါများ ၊ခြင်နှင့်ပိုးလောက်လမ်း ပေါက်ပွားနိုင်သောနေရာ များကို ဖယ်ရှားပါ၊ရေသိုလှောင်သည့် ရေစည်၊ ရေအိုးများကို အဖုံးလုံ အောင် ပိတ်ထားပါ၊ခြင်ကိုက်ခံရမှုမှ ကာကွယ်နိုင်ရန် ခြင်ထောင် သို့မဟုတ် ဆေးစိမ်ခြင်ထောင်ဖြင့်သာ အိပ်စက်ခြင်းတို့ ဆောင်ရွက်ရမည်။
အလားတူ ပူပြင်းခြောက်သွေ့မှုကြောင့် တောမီး လောင်ခြင်းနှင့်အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါများ အနေဖြင့် ဖုန်မှုန့်နှင့်မီးခိုးငွေ့များကြောင့်ပန်းနာရင်ကြပ်၊ဓာတ်မတည့်ခြင်းနှင့်အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းတို့ ဖြစ်သည်။
၎င်းအား ဆောင်ရွက်ရန်အနေဖြင့် ဖုန်မှုန့်နှင့်မီးခိုးငွေ့များပြားချိန်တွင် နှာခေါင်းစည်းတပ်ဆင်ပါ၊ အိမ်တွင်းလေထုသန့်ရှင်းအောင် ထိန်းသိမ်းပါ၊တောမီးအန္တရာယ်သတိပြုပါ။
ရိုးရှင်းပြီး ထိရောက်သည့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကိုလိုက်နာဆောင်ရွက်ပါက အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးပြဿနာများဖြစ်ပွားနိုင်ခြေကို ထိရောက်စွာလျှော့ချနိုင်မည်ဖြစ်သည်။