
ဆူးလေမှ တောင်ဒဂုံ(ကျီစု) သို့ ပြေးဆွဲသည့် YBS 111 ယာဉ်ပေါ်တွင် အိပ်ပျော်နေသည့် ၈ လအရွယ် ယောကျင်္ားလေးတစ်ဦးကို ဂိတ်ဆုံးချိန်၌ တွေ့ရှိသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ အပ်နှံထားကြောင်း သိရသည်။
အောက်တိုဘာ ၁၉ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် YBS 111 ယာဉ်လိုင်းမှ ယာဉ်အမှတ် 1F-8758 ယာဉ်မောင်းသည် ဒုတိယအခေါက် ဆူးလေမှ ကျီစုသို့ ပြန်လာပြီး ဂိတ်သို့ရောက်ရှိကာ ယာဉ်အား သန့်ရှင်းရေးဆောင်ရွက်စဉ် ယာဉ်မောင်းနောက်နှစ်ယောက်တန်းခုံတွင် ၈ လ ၉ လသားအရွယ် ယောကျင်္ားလေးတစ်ဦး အိပ်နေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းမှ ကြီးကြပ်ရေးမှူးထံ သတင်းပို့သဖြင့် ကုမ္ပဏီဒါရိုက်တာ (စည်းကမ်း)ထံသို့ ဆက်လက်သတင်းပို့ခဲ့ကြောင်း၊ ဒါရိုက်တာမှ ၁၀၄ ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ သတင်းပို့သွားရောက်သတင်းပို့ခဲ့ကြောင်း၊ ၁၀၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တောင်ဒဂုံထွေအုပ်ရုံးသို့ သတင်းပို့ရာမှ ကလေးအား ၁၀၄ ရပ်ကွက်ရုံးအပ်နှံရန် ပြောသဖြင့် ညနေ ၅ နာရီခန့်တွင် ကြီးကြပ်ရေးမှူးမှ ကလေးအား တောင်ဒဂုံထွေအုပ်ဒုဦးစီးမှူး၊ ရယကဥက္ကဌ၊ ရယကစာရေး၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးရုံးမှဝန်ထမ်းများရှေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံ အပ်နှံခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ YRTC တာဝန်ရှိတစ်ဦးက “ကျနော်တို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အပ်နှံထားပါတယ်။ ကလေးကို မိဘက စွန့်ပစ်သွားတဲ့ အခြေအနေဖြစ်ပါတယ်” ဟု ပြောကြားသည်။