
ထိုင်းနိုင်ငံ ဖိုးဖရမြို့နယ်တွင် အောက်တိုဘာ ၁၉ ရက် နံနက် ၆ နာရီခန့်က မြန်မာနိုင်ငံသား ၉ဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦးကို လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံရကြောင်း သိရသည်။
ထိုင်းနိုင်ငံနယ်ခြားစောင့်တပ်၊ လုံခြုံးရေးတပ်ဖွဲ့၊ ဖိုးဖရခရိုင်အုပ်ခိုပ်ရေးအဖွဲ့၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးပူးပေါင်းအဖွဲ့တို့သည် ဖိုးဖရမြို့နယ် တောင်ပိုင်း၊ အုပ်စု ၃ ရှိ မြန်မာနိုငွငံသားများငှားရမ်းနေထိုင်သည့် အိမ်အား ဝိုင်းဝန်းရှာဖွေစစ်ဆေးစဉ် ဖမ်းဆီးရမိခြင်ဖြစ်သည်ဟု ထိုင်းနိုင်ငံဘက်မှလာသောသတင်းများအရ သိရသည်။
ထို့နောက် တာဝန်ရှိသူများသည် တရားခံများနှင့်အတူ သိမ်းဆည်းရမိသည့်ပစ္စည်းများကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်ရန် ဖိုးဖရရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။