Myanmar National Post

ဘင်္ဂလီများနှင့် ပတ်သက်၍ CNA သတင်းဌာန၏ ဖော်ပြချက်အပေါ် သုံးသပ်တင်ပြခြင်း







CNA သတင်းဌာနက ၁၅-၁၀-၂၀၂၆ ရက်နေ့ နှင့် ၁၆-၁၀-၂၀၂၆ ရက်နေ့တို့၌ Insight 2026/2027-Malaysia's Rohingya Riddle အမည်ဖြင့် ဖော်ပြခဲ့သည့် သတင်းမှတ်တမ်း၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော ဖော်ပြချက်များ ပါဝင်နေသည်ကိုတွေ့ရသည်။

၁။ UNHCR ၏မှတ်တမ်းများအရ မလေးရှားနိုင်ငံတွင် ဘင်္ဂါလီ ဒုက္ခသည် စုစုပေါင်း (၁၂၆,၁၄၄) ဦး ရှိပြီး စစ်ပွဲနှင့် ဖိနှိပ်ညှဉ်းပန်းမှုများမှ လွတ်မြောက်ရန် ထွက်ပြေးခဲ့ရာမှ မလေးရှားနိုင်ငံသို့ ၁၉၈၀ ပြည့်နှစ်အစောပိုင်းတွင် ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် မလေးရှားနိုင်ငံရှိ ဘင်္ဂါလီများကို နိုင်ငံအတွင်းမှထွက်ခွာရန် ဘင်္ဂါလီဆန့်ကျင်ရေးအဖွဲ့က လူဦးရေ (၄) သိန်းကျော် လက်မှတ်ရေးထိုးထားသည့် အသနားခံစာကို အွန်လိုင်းမှတစ်ဆင့် တင်ပြခဲ့ကြောင်း၊ လူ့အခွင့်အရေး လှုပ်ရှားသူများက အွန်လိုင်းအသနားခံစာသည် အမုန်းပွားမှု များကို ဖြစ်ပွားစေပြီး မလေးရှားရှိဒုက္ခသည်များကို ပစ်မှတ်ထားကာ သတင်းအမှားဖြန့်ဝေသည့် လှုပ်ရှားမှုဖြစ်ကြောင်း၊ ဘင်္ဂါလီဆန့်ကျင်ရေးအဖွဲ့သည် အနှောင့်အယှက်ဖြစ်စေရန် ဆောင်ရွက်သည့် စွပ်စွဲမှုများဖြင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားခံခဲ့ရပါကြောင်း ဖော်ပြထားသည်။

မလေးရှားတွင် ဘင်္ဂလီများကို ဘာသာရေးအရ တူညီသဖြင့် လိုလားသည့်အုပ်စုနှင့် လက်ရှိဝန်ကြီးချုပ် က မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။

၂။ ဘင်္ဂါလီများ မလေးရှားနိုင်ငံသို့ မည်သို့ဝင်ရောက်ခဲ့သည်နှင့်ပတ်သက်၍ ဘင်္ဂါလီ ဆိုသည်မှာ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ မွတ်စလင် မျိုးနွယ်စု ဖြစ်ကြောင်း၊ မွတ်စလင် လူအဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်၏ အချို့ဒေသများတွင် ရာစုနှစ် ပေါင်းများစွာ ကတည်းက နေထိုင်ခဲ့ကြသော်လည်း ခေတ်သစ်တွင် ဘင်္ဂါလီများ မည်သူမည်ဝါ ဖြစ်ကြောင်း မူလအစနှင့် သမိုင်းကြောင်း ဆက်နွှယ်မှုတို့မှာ နိုင်ငံရေးအရ အငြင်းပွားဖွယ်ရာအဖြစ် ရှိနေ ပါကြောင်း၊ မြန်မာအစိုးရသည် ၎င်းတို့အား တိုင်းရင်းသား မျိုးနွယ်စုဝင်များအဖြစ် အသိအမှတ် ပြုရန် ဆယ်စုနှစ်များစွာ ငြင်းဆိုခဲ့ကြောင်း၊ မြန်မာအာဏာပိုင်များနှင့် အမျိုးသားရေး အုပ်စုများသည် "ရိုဟင်ဂျာ" ဟူသော အသုံးအနှုန်းကို မကြာခဏ ငြင်းပယ်ခဲ့ကြပြီး ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြောင်းရွှေ့လာသူများဖြစ်၍ "ဘင်္ဂါလီ" ဟုခေါ်ဆိုခဲ့ကြကြောင်း၊ ၁၉၈၂ ခုနှစ်တွင် မြန်မာနိုင်ငံသား ဥပဒေပြဋ္ဌာန်းချက်အရ နိုင်ငံသားဖြစ်ခွင့် အဆင့်သုံးဆင့်တွင် ဘင်္ဂါလီ အများစုမှာ မည်သည့်အဆင့်တွင်မျှ အကျုံးဝင်ခြင်းမရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ရိုဟင်ဂျာ ဟူသောအသုံးအနှုန်းနှင့် ပတ်သက် NLD ပါတီ နာယကကြီး ဦးတင်ဦးကိုယ်တိုင် က ၎င်း၏ အတွေ့အကြုံကို အခြေခံ၍ လူငယ်များကို ရှင်းလင်းပြောကြားခဲ့သည့် မှတ်တမ်းရှိပါသည်။ ရခိုင်တိုင်းရင်းသား ပညာရှင်များကလည်း ထိုအသုံးအနှုန်း ဖြစ်ပေါ်လာပုံကို သမိုင်းကြောင်းနှင့် ထောက်ထားပြောဆိုထားသည်။ ရွာဟောင်းသားကို ဘင်္ဂလီသံဖြင့် ပြောဆိုရာမှ ရွာဟောင်းဂျား (ရိုဟင်ဂျာ) ဟု ဖန်တီးသုံးစွဲလာခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က အဆိုပါ ပြောင်းရွှေ့ အခြေချသူများ၏ ဇစ်မြစ်ကို နိုင်ငံတော်သမ္မတကြီး က မလေးရှားဝန်ကြီးချုပ်အား ပြောပြခဲ့ပြီး ဖြစ်သဖြင့် လူမျိုးလိမ်ဖန်တီးသုံးစွဲမှု အခြေအနေမှန်ကို မလေးရှားဝန်ကြီးချုပ် ကိုယ်တိုင်လည်း သိရှိသွားပြီ ဖြစ်သည်။ ပြည်ပမီဒီယာများ အနေဖြင့် ရိုဟင်ဂျာ ဟူသော ဝေါဟာရကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေခြင်း၏ နောက်ကွယ်တွင် ငွေကြေးအကျိုးအမြတ်ရှိနေသည်။ မြန်မာပြည်မှ ပြည်ပြေးမီဒီများလည်း ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို ဖန်တီးသုံးစွဲပေးခြင်းအားဖြင့် ကူညီထောက်ပံ့မှုများ ရရှိနေကြသည်။ နိုင်ငံရေးလှုပ်ရှားသူတချို့ကလည်း ငွေကြေးရလိုမှုဖြင့် အတုအယောင်ဖန်တီးထားသော လူမျိုးလိမ်အမည်ကို သုံးစွဲပြောဆိုကြခြင်းသည် မလိုလားအပ်သော ဘင်္ဂလီများကို အသုံးချ၍ ကိုယ်ကျိုးရှာခြင်းပင် ဖြစ်သည်။ 

၃။ ဘင်္ဂါလီများကို ယာယီသက်သေခံကတ်ပြား (White Card) သာ ထုတ်ပေးခဲ့ကြောင်းနှင့် ယင်းစာရွက်စာတမ်း ထုတ်ပေးခြင်းမပြုမီ ယခင်အချိန်က ၎င်းတို့သည် မြန်မာနိုင်ငံသားအဖြစ် အခွင့်အရေး အပြည့်အဝရရှိခဲ့သူများ ဖြစ်ခဲ့ကြကြောင်း၊ ၎င်းတို့၏ ဘင်္ဂါလီ ဖြစ်မှုကို တစ်စတစ်စ ပယ်ဖျက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်းထုတ်ခြင်းအထိ ဖြစ်လာခဲ့ကြောင်း မလေးရှား တက္ကသိုလ်မှ ကထိက Dr. Aslam ABD JaLIL က ပြောကြားခဲ့ပါသည်။

ထိုသို့ White Card ထုတ်ပေးရခြင်းသည် တရားမဝင် မြန်မာနိုင်ငံအတွင်းသို့ အလွန်အမင်း ဝင်ရောက်နေခြင်းကို သက်သေခံနေပါသည်။ ယခင်ကတည်းက ရှိခဲ့သော ဘင်္ဂလီများကို နိုင်ငံသားအခွင့်အရေး ပေးသင့်သူကို ပေးထားပြီး ဖြစ်သည်။ အလွန်အမင်း ဝင်ရောက်လာမှုများကြောင့် လူဦးရေးစိစစ်နိုင်ရန် White Card ကို ထုတ်ပေးခဲ့ခြင်း ဖြစ်ပြီး မည်သည့်နိုင်ငံသား ဖြစ်သည်ကို သက်သေခံသည့် ကတ်ပြားအဖြစ် ပေးအပ်ခဲ့ခြင်း မဟုတ်ပေ။

၄။ ၂၀၂၆ ခုနှစ် Negeri Sembilan ပြည်နယ်ရွေးကောက်ပွဲ မဲဆွယ်ပွဲကာလအတွင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က မလေးရှားနိုင်ငံမှ ဘင်္ဂါလီဒုက္ခသည် ၅,၀၀၀ ကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံဘက်က သဘောတူညီခဲ့ကြောင်း ပြောကြား၍ ထည့်သွင်း 

စည်းရုံးခဲ့ပါသည်။ ဝန်ကြီးချုပ် Anwar Ibrahim သည် ဘင်္ဂါလီများ၏ ပြဿနာကို နိုင်ငံရေးအရ အမြတ်ထုတ်ရန် လက်နက်သဖွယ် အသုံးပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် စစ်ပွဲများ ဖြစ်ပွားလျက် ရှိပြီး မြန်မာနိုင်ငံခေါင်းဆောင်ကို ဖမ်းဝရမ်း အထုတ်ခံထားရသည်ကို သိရှိကြောင်း၊ ဘင်္ဂါလီ များဖြစ်စေ၊ အခြားတိုင်းရင်းသားအုပ်စုများဖြစ်စေ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရသူ မည်သူမဆို သတ်ဖြတ်ခံရခြင်း (သို့မဟုတ်) စစ်ပွဲတွင်ပါဝင်ခြင်းများနှင့် ကြုံတွေ့ရမည် ဖြစ်သဖြင့် ဘေးကင်းလုံခြုံမည် မဟုတ်ကြောင်း မလေးရှားတက္ကသိုလ်မှ ကထိက Dr. Aslam ABD JaLIL က CNA သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

ဒီသုံးသပ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကို ထင်ဟပ်သုံးသပ်ခြင်းမျိုးမဟုတ်ဘဲ နိုင်ငံရေးပယောဂများကို အခြေခံ၍ မလေးရှားဝန်ကြီးချုပ်ကိုပါ နိုင်ငံရေးပုံရိပ်ကျဆင်းအောင် လုပ်ဆောင်လိုသည့် ရည်ရွယ်ချက် သဘောတရားများလည်း ပါဝင်နေသည်။

၅။ ၇-၁၀-၂၀၂၆ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဝန်ကြီးချုပ် Anwar Ibrahim ၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ပါကြောင်း၊ ဝန်ကြီးချုပ် Anwar Ibrahim က မြန်မာနိုင်ငံသမ္မတအား မလေးရှားနိုင်ငံသို့ ဖိတ်ကြားခဲ့မှုနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးနှင့် ကုန်သွယ်ရေး တိုးမြှင့်ဆောင်ရွက်နိုင်ကြောင်း ပြောကြားလိုသဖြင့် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံကို လက်ခံနိုင်ကြောင်း၊ မြန်မာနိုင်ငံကလည်း ဒုက္ခသည်များကို ပြန်လည်လက်ခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာ နိုင်ငံသမ္မတသည် မလေးရှားနိုင်ငံသို့ ခရီးစဉ်မလာရောက်မီ တစ်ပတ်ခန့်အလိုတွင် မလေးရှား နိုင်ငံမှ မြန်မာနိုင်ငံသား ၁,၅၀၀ ခန့်ကို စတင်၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါမြန်မာနိုင်ငံသားများသည် ထိန်းသိမ်းရေးစခန်းများမှ ပြန်လည်ထွက်ခွာရန် သဘော တူညီခဲ့သည့် မြန်မာနိုင်ငံသား ၅,၀၀၀ အနက် ပထမအသုတ်ဖြစ်ပြီး ပြည်တွင်း စစ်ဖြစ်ပွားလျက် ရှိသည့်နိုင်ငံသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

မြန်မာနိုင်ငံအတွင်း အခြေအနေနှင့် ပတ်သက်၍ ပြည်ပမီဒီယာများအနေဖြင့် ဖော်ပြရာတွင် အမှန်တရားနှင့် နီးကပ်စွာ ဖော်ပြနိုင်ရန် ကြိုးပမ်းခြင်းထက် ၎င်းတို့၏ အတ္တနှင့် ဆန္ဒကိုသာ ရှေ့တန်းတင်၍ ဖော်ပြလေ့ ရှိပါသည်။ မလေးရှားနိုင်ငံတွင် တရားမဝင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို မြန်မာအစိုးရမှ ပြန်လည်ခေါ်ဆောင်ရာတွင် မိမိတို့နိုင်ငံသားများ အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ရေး လမ်းခရီးတလျှောက်တွင် ကျန်းမာရေးစောင့်ရှောက်မှအစ နေ့စဉ်လူမှုဘဝတွင် နေထိုင်သည့် စာရွက်စာတမ်း သက်သေခံအထောက်အထားများ လုံလောက်စွာ ရရှိရန်အထိ ဆောင်ရွက်ပေးခဲ့သည်။ ပြန်လည်ခေါ်ဆောင်လာသူများကို မိသားစုနှင့်အတူ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက်သာ ဦးစားပေးလုပ်ဆောင်ခဲ့သည်များကို  CNA သတင်းဌာနအနေဖြင့် သိမြင်နားလည်ခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်သည်။

၆။ မြန်မာ့တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကာလရှည် ကြာ စစ်ပွဲများဖြစ်ပွားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် AA သည် ရခိုင် (သို့မဟုတ်) အာရကန် လူမျိုးများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တိုက်ခိုက် လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး အားနည်းချက်ကို အခွင့်ကောင်းယူ၍ ရခိုင်ပြည်နယ်၏ နယ်မြေအများစုကို သိမ်းပိုက်ခဲ့ကြောင်း၊ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် စစ်ပွဲများ ဖြစ်ပွားနေသောကြောင့် ၎င်းတို့အား ပြန်လည် ပို့ဆောင်ရေးမှာ လက်တွေ့မကျသည့် ကိစ္စဖြစ်ပါကြောင်း၊ ဘင်္ဂါလီများ ထွက်ခွာလာသည့် မြန်မာနိုင်ငံကလည်း ၎င်းတို့ကိုပြန်လည် လက်ခံလိုခြင်းမရှိကြောင်း၊ အမေရိကန်နိုင်ငံနှင့် UK နိုင်ငံတို့က ဒုက္ခသည်များကို ငွေကြေးထောက်ပံ့၍ တတိယနိုင်ငံသို့ ပို့ဆောင်သည့်နည်းလမ်းကို မလေးရှား နိုင်ငံအနေဖြင့် လုပ်ဆောင်ပါက လူသားချင်းစာနာထောက်ထားမှု မရှိဟု ဝေဖန်ခံရမည် ဖြစ်ပါကြောင်း၊ အနောက်နိုင်ငံများက ယင်းသို့ လုပ်ဆောင်ခြင်းကို မည်သူမျှစွပ်စွဲခြင်း မပြုသော်လည်း မွတ်စလင်နိုင်ငံဖြစ်သော မလေးရှားနိုင်ငံအတွက်မူ ယင်းကိစ္စမှာ အလွန် ထိလွယ် ရှလွယ်ပြီး မွတ်စလင်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံအနေဖြင့် ၎င်းတို့ကို ကာကွယ်ပေးရန် ပိုမိုတာဝန်ရှိကြောင်း မလေးရှား လွှတ်တော် ဒုတိယဥက္ကဋ္ဌ Nur Jazlan Mohamed က CNA သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

ပိုမိုသင့်လျှော်ပါသည်။ မြန်မာနိုင်ငံ၏ အခြေအနေမှာ ၎င်းတို့ထင်သလို ဆိုးရွားလွန်းနေသည့် အခြေအနေမဟုတ်သော်လည်း ဘင်္ဂလီခိုးဝင်မှု ပြဿနာမှာ အင်မတန်ကြီးလေးသည့် ပြဿနာတစ်ရပ်အဖြစ် ရှိနေသည်။ မလေးရှား လွှတ်တော် ဒုတိယဥက္ကဋ္ဌ Nur Jazlan Mohamed က ၎င်းတို့နှင့် ဘာသာတူဖြစ်သော ဘင်္ဂလီများကို စောင့်ရှောက်ထားလိုပါမူ မြန်မာနိုင်ငံက ငွေကုန်ခံ၍ ပို့ဆောင်ပေးရန် စီစဉ်ဆောင်ရွက်ပေးနိုင်သည်။ ဘင်္ဂလီအရေးနှင့် ပတ်သက်၍ ဒီမိုကရေစီ ပထမသက်တမ်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင်က ဘင်္ဂလီများကို လက်ခံနိုင်မည့် တိုင်းပြည်ရှိပါက မြန်မာနိုင်ငံက အကုန်အကျခံ၍ ပို့ဆောင်ပေးမည် ဖြစ်ကြောင်းကို တရားဝင် ပြောဆိုခဲ့သည်။

အကြောင်းမူ လူမျိုးလိမ်ဖန်တီးသုံးစွဲမှု နောက်ကွယ်တွင် ငွေကြေးအကျိုးအမြတ်ရှိနေသဖြင့် အမှန်တရားကို ရှာဖွေရန် တာဝန်ရှိသည့် ကုလသမဂ္ဂကဲ့သို့သော အဖွဲ့အစည်းကပါ တရားမဝင် ဖန်တီးသုံးစွဲမှုအမည်ဖြင့် မြန်မာနိုင်ငံအပေါ် မလျှော်ကန်သော ဖိအားပေးမှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

၇။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ဘင်္ဂါလီများနှင့် အခြား တိုင်းရင်းသားလူမျိုးများ ပါဝင်သည့် မြန်မာနိုင်ငံမှ ဒုက္ခသည် (၃,၃၀၀) ခန့်ကို မလေးရှားနိုင်ငံမှ တတိယနိုင်ငံများသို့ ပြန်လည်နေရာချထားပေးခဲ့ကြောင်း စသည်ဖြင့် CNA သတင်းဌာနမှ ဖော်ပြထုတ်လွှင့်ခဲ့ပါသည်။

မြန်မာအစိုးရအနေဖြင့် မလေးရှားရောက် မြန်မာနိုင်ငံသားမျာကို ပြန်လည်ခေါ်ဆောင်ရာတွင် တိုင်းရင်းသားပြည်သူများကိုသာမက မြန်မာနိုင်ငံသားအဖြစ် တရားဝင်အသိအမှတ်ပြု လက်မှတ်ရထားပြီးသူ ဘင်္ဂလီများကိုပါ ခေါ်ဆောင်ပေးသော လုပ်ရပ်သည် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝ ရှိသည်ကို သက်သေထူသည့် လုပ်ရပ်ဖြစ်ပါသည်။ ဘင်္ဂလီများကို လူမျိုးလိမ်အမည် ဖန်တီးအသုံးပြု၍ အရေးဆိုနေခြင်းများသည် အမှန်တရားနှင့် ဝေးကွာလွန်းပြီး ပြဿနာကို ဖြေရှင်းရာတွင် ကြန့်ကြာစေခြင်းကိုသာ ဖြစ်ပေါ်စေပါသည်။ တတိယနိုင်ငံများက ဘင်္ဂလီများကို ခေါ်ယူစောင့်ရှောင်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ဝန်ထုပ်ဝန်ပိုးကို ကူညီဖြေရှင်းရာ ရောက်ပါသည်။ မလေးရှား လွှတ်တော် ဒုတိယဥက္ကဌကဲ့သို့ပင် အခြားသော အစ္စလာမ်းမစ်နိုင်ငံများအနေဖြင့်လည်း ဘင်္ဂလီများကို ခေါ်ယူစောင့်ရှောက်ခြင်း အားဖြင့် ပြဿနာကို ဝိုင်းဝန်းဖြေရှင်းလိုစိတ် ရှိခြင်းသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ အကြပ်အတည်းကို ကူညီဖြေရှင်းရာ ရောက်ပါသည်။ ဘင်္ဂလီများ၏ မူလဇစ်မြစ်ကို ရခိုင်ပြည်နယ်ဟု မှားယွင်းစွာ အသုံးပြုခြင်းထက် ဘင်္ဂလားဒေ့ရှ်ဟု မှန်ကန်စွာ ဖော်ပြကြရန် လိုအပ်ပါသည်။


နောင်တော်လေး (ဘိုကလေး)

#News #Myanmar

မူရင်းသတင်း — Myanmar National Post