Eleven Media Group

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် Drop Bomb ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ခုနစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် Drop Bomb ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက် ည ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ပြည်သူ့ဆေးရုံ၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ နံနက် ၁၁ နာရီတွင် မင်းကင်းမြို့နယ်၊ မြောက်ချွန်းကျေးရွာအတွင်းသို့ PDF အဖွဲ့က ပစ်ချလိုက်သည့် Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ကိုဇင်မင်းထက်(၂၆)နှစ်၊ မောင်လမင်းသန့်(၁၈)နှစ်၊ ကိုစန်းမျိုးဦး(၂၄)နှစ်၊ ဦးမိုးသူဦး(၃၅)နှစ်၊ ဦးမြင့်ကြိုင်(၃၀)နှစ်၊ ဦးအဲနောင် (၃၂)နှစ်နှင့် မသော်တာပိုးဖြူ(၂)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group