
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် လူမှုရေးပင်စင်အစီအစဉ်၌ အကျိုးခံစားခွင့်ရှိသူများအား ခြောက်လစာ ထောက်ပံ့မည်ဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၆ ရက်အထိ ထုတ်ယူနိုင်ကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် လူမှုရေးပင်စင်အစီအစဉ်၌ အကျိုးခံစားခွင့်ရှိသူများအား ခြောက်လစာ ထောက်ပံ့ပေးမည်ဖြစ်ပြီး အကျိုးခံစားခွင့်ရှိသူများအား အကျိုးခံစားခွင့်လအလိုက် သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် အောက်တိုဘာ ၁၅ ရက်မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၆ ရက်အထိ အကျိုးခံစားခွင့်ရှိသူကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်များမှ နိုင်ငံသားအသိအမှတ်ပြုကတ်ပြား (မူရင်း) ယူဆောင်ပြီး သွားရောက်ထုတ်ယူနိုင်ကြောင်းနှင့် Mobile Pay နည်းလမ်းဖြင့် ထောက်ပံ့ကြေးများကို အောက်တိုဘာ ၂၈ ရက်မှစ၍ အကျိုးခံစားခွင့်ရှိသူများမှ ပေးထားသည့် ဖုန်းနံပါတ်များသို့ ထောက်ပံ့ငွေများ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။
သိရှိလိုသည်များရှိပါက ကယား (၀၉-၆၆၅၈၈၁၂၃၂)၊ ကရင်(၀၉-၇၇၅၄၄၂၇၄၂)၊ ချင်း(၀၉-၄၅၆၁၀၁၉၈၃)၊ စစ်ကိုင်း(၀၉-၄၃၁၇၂၅၀၆)၊ တနင်္သာရီ(၀၉-၂၅၂၀၆၉၀၀၂)၊ နေပြည်တော်(၀၉-၂၅၁၀၇၉၄၉၆)၊ ပဲခူး(၀၉-၅၀၃၇၃၄၄)၊ မကွေး (၀၉-၂၅၁၃၁၅၁၃၅)၊ မန္တလေး(၀၉-၇၉၇၄၂၁၄၂၂)၊ မွန်(၀၉-၂၆၀၇၄၃၉၁၃)၊ ရခိုင်(၀၉-၄၂၁၇၆၈၄၅၄)၊ ရန်ကုန်(၀၉-၄၀၂၈၁၀၅၀၆)၊ ရှမ်း(၀၉-၃၆၀၈၃၆၄၈)၊ ဧရာဝတီ(၀၉-၇၈၂၅၇၈၄၆၆)၊ လူမှုဝန်ထမ်း ဦးစီးဌာန၏ Help Line ဖုန်းနံပါတ် 1566 နှင့် ၀၉-၈၈၉၉၀၀၀၃၃ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။