Eleven Media Group

မြဝတီမြို့ တွင် ​ပျောက်ဆုံး​နေ​သောဆိုင်ကယ်တက္ကစီ ​မောင်းသူ လူငယ်​အား ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ

မြဝတီမြို့တွင်​အောက်တိုဘာ ၂၁ ရက်​နေ့ ည​နေက ဆိုင်ကယ်တက္ကစီ​မောင်းရင်း ပျောက်ဆုံး​နေ​သော အသက်၂၄နှစ်အရွယ်ရှိ လူငယ်​လေးတစ်ဦးအား ​ယ​နေ့ ​အောက်တိုဘာလ ၂၂ ရက်​နေ့ လူသူပြတ်လပ်သည့်​နေရာ ၌ ဒဏ်ရာများဖြင့် သေဆုံးလျှက်ရှိ​သော ရုပ်အ​လောင်းကိုသာ ​တွေ့ရှိရ​ကြောင်းသိရသည်။

အဆိုပါ အသက်၂၄နှစ်အရွယ်ရှိ ​မောင်ဖြိုး သည် မြဝတီမြို့ အာရှလမ်းကြီး​ဘေး ချစ်တီထမင်းဆိုင်​ရှေ့၌ဂိတ်ထိုး​နေစဉ် ​အောက်တိုဘာ ၂၁ ရက်​နေ့ ည​နေ ၆နာရီခန့် က ခရီးသည်နှစ်ဦး ​ခေါ်​ဆောင် မှု​ကြောင့် ကယ်ရီလိုက်သွား​ကြောင်း၊ယ​နေ့ ​အောက်တိုဘာ ၂၂ရက်​နေ့ နံနက်၁ဝနာရီထိ ပြန်လည်​ရောက်ရှိလာခြင်းမရှိ၍ လူ​ပျောက်တိုင်ထား​ကြောင်းသိရသည်။

သို့​သော် ​အောက်တိုဘာ ၂၂ရက် မွန်းလွဲပိုင်းတွင် မြဝတီမြို့ ၊ဇရစ်​ချောင် အမှိုက်ပုံ အ​နောက် ဘက်တွင် ​ဒဏ်ရာများနှင့်အတူ သေဆုံး လျှက်​တွေရှိရခြင်းဖြစ်သည်ဟုဆိုသည်။

မြဝတီမြို့တွင် ယခင်လကလည်း ကားတက္ကစီ​မောင်းသူတစ်ဦး ကားအငှားလိုက်ရင်း​ပျောက်ဆုံးသွားခဲ့သည်။

မြဝတီမြို့အမှတ် ၄ရပ်ကွက်​၌နေသူတစ်ဦးက "က​လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ လူသူအသွားအလာနည်းတဲ့ ​နေရာမျိုးကို ကိုယ်မသိတဲ့ သူစိမ်းခေါ်ရာ ဘာလို့လ်ိုက်သွားရတာလဲ၊တကယ်စိတ်မ​ကောင်းစရာပါ၊၊ တက္ကစီမောင်းသူ​တွေ အထူးဂရုစိုက်ကြပါလို့ ​ပြောချင်ပါတယ်။စိတ်မ​ကောင်းလည်းဖြစ်မိတယ်"ဟု​ပြောကြားခဲ့သည်။

ထို့အတူ ဆိုင်ကယ်တက္ကစီမောင်းသူများ၊ဆိုင်ကယ်အ​ရောင်းအဝယ် လုပ်သူများ ၊ကားတက္ကစီ​မောင်းသူများ၊ကားအ​ရောင်းအဝယ် လုပ်သူများ ပျောက်ဆုံးခြင်း၊လူသတ် ပစ္စည်းလုယူခံရခြင်းများ မကြာခဏဖြစ်ပွားလျက်ရှိရာ အထူး သတိထားသင့်​ကြောင့် မြဝတီ​ဒေသခံများက​ ပြောသည်။

Photo.ဘီဝမ်း

မူရင်းသတင်း — Eleven Media Group