
မြန်မာနိုင်ငံသို့ လေကြောင်းဖြင့် လာရောက်လည်ပတ်မည့် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားနှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်)ကို စမ်းသပ်ကာလ တစ်နှစ် သက်တမ်းတိုးမြှင့်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် လာရောက်လည်ပတ်ကြမည့် တရုတ်နိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) - Visa on Arrival ( Tourist) အား စမ်းသပ်ကာလ (၁) နှစ် တတိယအကြိမ် ထပ်မံသက်တမ်းတိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) သက်တမ်းတိုးမြှင့်ခွင့်ပြုခြင်းသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၃၀ ရက်မှ ၂၀၂၇ ခုနှစ်၊ ဩဂုတ် ၂၉ ရက်အထိ (၁) နှစ်တာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြမည့် ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) - Visa on Arrival (Tourist) အား စမ်းသပ်ကာလ (၁) နှစ် ဒုတိယအကြိမ် ထပ်မံသက်တမ်းတိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) သက်တမ်းတိုးမြှင့်ခွင့်ပြုခြင်းသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်မှ ၂၀၂၇ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်အထိ (၁) နှစ်တာ အကျုံးဝင်မည်ဖြစ်ပါကြောင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။