Myanmar National Post

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံတံတားအဆင်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်မောင်းထိခိုက်ဒဏ်ရာရရှိ



မြောက်ဥက္ကလာ၊ အောက်တိုဘာ  ၂၃

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ် (၂၂)ရပ်ကွက် ၊ ညောင်ရမ်းလမ်း ၊ ရွှေပေါက်ကံ တံတားအဆင်းတွင် ယနေ့ ညနေပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်မောင်းထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ် ၊ (၂၂)ရပ် ကွက် ၊ ညောင်ရမ်းလမ်း ၊ ရွှေပေါက်ကံ တံတားအဆင်းတွင် ယာဉ်မောင်း ဦးထွန်းထွန်း၀င်း (ဘ)ဦးနီ ၊ အသက်(၄၈)နှစ် မောင်း‌‌နှင်းသော ယာဉ်အမှတ် YGN-43 (9M-4371) ယာဉ်အမျိုးအစား (ISUZUGIGA) တွဲ အမှတ်(TRL-4159)၊ အရောင် အစိမ်းရောင် ၊ ၁၈ ဘီးတွဲကားယာဉ်သည် ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြို့နယ်ဘက်မှ မြောက်ဥက္ကလာပမြို့နယ် ၊ ရွှေပေါက်ကံတံတား အဆင်းတွင် ရပ်ထားသော YGN-42 (9B-6687) ယာဉ်အမျိုးအစား (NISSAN DIESEL) တွဲ အမှတ်(TRL-1311)၊  အပြာရောင် ၊(၁၈)ဘီးယာဉ်၏ အနောက်ဘက်သို့  အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိရာမှ ယာဉ်မောင်းမှာ ခေါင်းခန်း၌ ညှပ်နေသဖြင့် မြောက်ဥက္ကလာမြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ တပ်ဖွဲ့၀င်များက ကူညီ ကယ်ဆယ်ခဲ့ရာ ဦးထွန်းထွန်း၀င်း(ဘ)ဦးနီ ၊ အသက် ၄၈ နှစ် အား ကယ်တင်နိုင်ခဲ့ပြီး ယာဉ်တိုက်မှု ကြောင်း ၎င်း၏ ဘယ် ခြေသလုံး ပေါက်ပြဲ ၊ ဘယ်ဒူး ပေါက်ပြဲ (မစိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့ပြီး "ကုသိုလ်တော် (ပါလေရာ)လူမှုကူညီရေးအသင်းမှ မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ပြီး ဆေးကုသမှုခံယူလျက် ရှိကြောင်းသိရသည်။


သက်လွင်စိုး

#News #Myanmar

မူရင်းသတင်း — Myanmar National Post