






မြောက်ဥက္ကလာပ၊ အောက်တိုဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးနှင့် ပတ်၀န်းကျင်သန့်ရှင်းစေရေးအတွက် မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့မှကြီးကြပ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဝေဘာဂီရပ်ကွက်၊မေဓါဝီလမ်း၊ဆေးဝါးတက္ကသိုလ် ကျောင်းဝန်းသန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့ နံနက် ၇ နာရီအချိန် စုပေါင်းသန့်ရှင်း ရေးပြုလုပ်ကာသွေးလွန်တုပ်ကွေးနှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့မှကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံးနှင့်ဌာနများမှတွဲဖက်ဝန်ထမ်းများ၊ပရဟိတအဖွဲ့များ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ရပ်ကွက်နေပြည်သူများ ပူးပေါင်း အင်အား (၆၀)ဦးဖြင့် ဝေဘာဂီရပ်ကွက်၊မေဓါဝီလမ်း၊ဆေးဝါးတက္ကသိုလ် ကျောင်းဝန်းသန့်ရှင်းသာယာလှပစေရေး နှင့် ရေ စီးရေလာကောင်းမွန်စေရေးအတွက် ပတ်၀န်းကျင် နှင့် အနီးအနားရှိ အမှိုက် သရိုက်များကောက်ယူခြင်း၊ မြက်ပင် ၊ ပေါင်ပင် ၊ ချုံနွယ်များအား ခုတ် ထွင် ရှင်းလင်းခြင်း ၊ သွေးလွန်တုပ် ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဖုံး၊သွန်၊လဲ၊စစ်ဆောင် ရွက်ခြင်း၊အဘိတ်ဆေးခပ်ခြင်း၊ ရေမြောင်း တူး ဖော်ဆယ်ယူရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိ ပုံသွင်း အလင်းဖွင့်ခြင်း၊သစ်ရွက်ခြောက်ကြွေများ စုပေါင်းသန့်ရှင်းရေးဆောင် ရွက်ခဲ့ကြပြီး ထွက်ရှိအမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
သက်လွင်စိုး
#News #Myanmar