


ပခုက္ကူ၊ အောက်တိုဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များ၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့်လူသုံးကုန် ပစ္စည်းအရောင်းဆိုင်များအား အွန်လိုင်းဆက်ရေးဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်ပြည့်စုံမှန်ကန်စေရေး ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးနှင့် ဝန်ထမ်းများ၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(ပခုက္ကူ)မှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများပူးပေါင်း၍ စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များထံ ကွင်းဆင်းကာ အွန်လိုင်းမှတ်ပုံတင်လိုင်စင်ဆောင်ရွက်ထားမှုရှိ/မရှိ၊ အွန်လိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းပုံစံများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင် သတင်းအချက်ပြည့်စုံမှန်ကန်စွာ ကြိုတင်အသိပညာပေးထားမှု ရှိ/မရှိ၊ စားသုံးသူပြည်သူများ အား အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှု ပေးနိုင်မှု ရှိ/မရှိ၊ စားသုံးရန် မသင့်သော စားသောက်ကုန်များနှင့် သုံးစွဲ ရန်မသင့်သော လူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှုရှိ/မရှိ၊ သတ်မှတ်ချက်နှင့်အညီ ကုန်ညွှန်းအမှတ် အသားများဖော်ပြပါရှိမှု ရှိ/မရှိနှင့် သက်တမ်းလွန်ကုန်ပစ္စည်းများဖြန့်ဖြူး ရောင်းချထားမှု ရှိ/မရှိ အခြေအနေတို့ကို မြေပြင်ကွင်းဆင်း တိုင်းတာစစ်ဆေးအတည်ပြုခြင်း၊ လုပ်ငန်းရှင်များနှင့်အရောင်းဝန်ထမ်းများအား အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#News #Myanmar