Myanmar National Post

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ


နေပြည်တော်၊ အောက်တိုဘာ ၂၄

လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်းသည် ဒုတိယဝန်ကြီး ဦးစစ်နိုင်နှင့်အတူ ယမန်နေ့က နေပြည်တော်ရှိ တည်းခိုရေးစခန်း(ရွာတော်)၌ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ်(၈)မှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ကျောင်းသား ကျောင်းသူများနှင့် လာရောက်တွေ့ဆုံရခြင်းသည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်က ကျောင်းသားကျောင်းသူများသည် အနာဂတ်နိုင်ငံတော်အတွက် မိမိတို့ တတ်မြောက်ထားသည့် အတတ်ပညာများကို မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းပြီး ပြန်လည်သင်ကြားပေးရမည့် မြင့်မြတ်သည့် လူငယ် ကျောင်းသား ကျောင်းသူများ ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားပြီး ကျောင်းသား ကျောင်းသူများက သိလိုသည်များ မေးမြန်းဆွေးနွေးမှုကို ပြန်လည်ဖြေကြားပေးကာ သုတ၊ ရသ စာအုပ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post