














ပဲခူး၊ အောက်တိုဘာ ၂၄
ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဉ် မိုးလုံလေလုံအားကစားရုံ၌ အောက်တိုဘာ လ(၂၃)ရက်နေ့၊ ညနေပိုင်းက ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌတို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ လက်ဝှေ့ဝါသနာရှင်များက အမျိုးသား၊ အမျိုးသမီး ဝိတ်တန်းအလိုက် ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ရွှေတံဆိပ်(၅)ခု၊ ကြေးတံဆိပ်(၄)ခုတို့ဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသော ပဲခူးတိုင်း ဒေသကြီးအသင်းအား စုပေါင်းတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု(၁၀)သိန်းကျပ်အား ချီးမြှင့်ပေးအပ်ခဲ့ သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က တံခွန်စိုက်ဖလားရရှိကြ သည့် ပဲခူးတိုင်းဒေသကြီးအမျိုးသားအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအမျိုးသမီးအသင်းအား တံခွန်စိုက်ဆုဖလားနှင့်ငွေသားဆု(၅)သိန်းကျပ်ကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌတို့က အမျိုးသား/ အမျိုးသမီး ဝိတ်တန်းများအလိုက် ပထမ၊ဒုတိယ၊တတိယနှင့် ပူးတွဲတတိယဆုရရှိသော အားကစားသမား များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ “၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လက်ဝှေ့ပြိုင်ပွဲ” တွင် ပဲခူးတိုင်းဒေသကြီးမှ ရွှေတံဆိပ်(၅)ခု၊ ကြေးတံဆိပ်(၄)ခုဖြင့် စုပေါင်းတံခွန်စိုက်ဖလားနှင့် အမျိုးသားတံခွန်စိုက် ဖလား ဆွတ်ခူး ရရှိခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar