Xinhua Myanmar

CPC က ပါတီ၏ စီမံခန့်ခွဲမှုကို မဆုတ်မနစ်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုများဖြင့် မြှင့်တင်ဖော်ဆောင်

တရုတ်ကွန်မြူနစ်ပါတီ (CPC) ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ ပဥ္စမအကြိမ် မျက်နှာစုံညီအစည်းအဝေး၏ လမ်းညွှန်မူဝါဒများနှင့် ပတ်သက်၍ CPC ဗဟိုကော်မတီက သတင်းစာရှင်းလင်းပွဲ ကျင်းပနေပုံကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) အနေဖြင့် ပါတီ၏ ဘက်ပေါင်းစုံမှ တင်းကျပ်စွာစီမံခန့်ခွဲမှုကို မြှင့်တင်ဖော်ဆောင်ရန် ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းအားထုတ်မှုတစ်ရပ်အဖြစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်အား မဆုတ်မနစ် ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

အောက်တိုဘာ ၂၉ ရက်က ကျင်းပပြီးစီးခဲ့သည့် မျက်နှာစုံညီအစည်းအဝေးတွင် CPC ဗဟိုကော်မတီက ပါတီ၏ ဘက်ပေါင်းစုံမှ တင်းကျပ်စွာ စီမံခန့်ခွဲမှုကို မဆုတ်မနစ် ခိုင်မာစွာဆောင်ရွက်ရေးဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းအား အတည်ပြုခဲ့ပြီး အဂတိလိုက်စားမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့် ရပ်တည်ချက်အား ဆက်လက်ထိန်းသိမ်းရန်၊ အခွင့်အာဏာ ကျင့်သုံးမှုအပေါ် စိစစ်ကြီးကြပ်မှုများ အခိုင်အမာလုပ်ဆောင်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ထို့ပြင် CPC ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ ပဉ္စမအကြိမ် မျက်နှာစုံညီအစည်းအဝေး၌ ဖြောင့်မတ်တည်ကြည်မှုကို ရပ်တည်ကာကွယ်၍ အဂတိလိုက်စားမှုကို စက်ဆုပ်ရွံရှာသည့် ယဉ်ကျေးမှုနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ အခြေခံအုတ်မြစ်များ ခိုင်မာစေရန်၊ တာဝန်ရှိသူများအနေဖြင့် အဂတိလိုက်စားမှု ကျူးလွန်ဝံ့သော ရဲတင်းမှု၊ အခွင့်အရေး သို့မဟုတ် ကျူးလွန်ချင်သည့် ဆန္ဒများ မရှိစေရေးအတွက် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်လည်း တိုက်တွန်းနှိုးဆော်ခဲ့သည်။

"အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်ဟာ အလွန်အရေးကြီးပြီး ရှုပ်ထွေးတဲ့ စိန်ခေါ်မှုတစ်ခုအဖြစ် ဆက်ရှိနေပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေနဲ့ အားပေးအားမြှောက်ပြုနေတဲ့ အခြေအနေတွေကို အမြစ်ဖြတ်ရှင်းလင်းနိုင်ဖို့ ဆောင်ရွက်စရာတွေ အများကြီးကျန်ပါသေးတယ်" ဟု CPC ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေး၏ လမ်းညွှန်မူဝါဒများနှင့် ပတ်သက်၍ အောက်တိုဘာ ၃၀ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်တာဝန်ရှိသူ ကျန်းဖူဟိုင် က ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စည်းကမ်းထိန်းသိမ်းရေးနှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့အစည်းများက အမှုပေါင်း ၈.၁၀၅ သန်းကို အမှုဖွင့်အရေးယူခဲ့ပြီး CPC ဗဟိုကော်မတီ၏ ကြီးကြပ်မှုဖြင့် စာရင်းသွင်းထားသည့် အရာရှိ ၉၆၃ ဦး အပါအဝင် လူပေါင်း ၇.၉၂၂ သန်းကို ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း CPC ဗဟိုစည်းကမ်းထိန်းသိမ်းရေးကော်မရှင် ဒုတိယအတွင်းရေးမှူးနှင့် အမျိုးသားစုံစမ်းစစ်ဆေးရေးကော်မရှင် ဒုတိယအကြီးအကဲ ကျန်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် လွန်ခဲ့သောနှစ်များအတွင်း ပါတီနှင့် အစိုးရ၏ အဆင့်အသီးသီးကို လွှမ်းခြုံမှုရှိသည့် မကြုံစဖူး အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုကို စတင်ခဲ့ပြီး ရာထူးကြီးသူ "ကျား" များမှသည် အဆင့်နိမ့်သူ"ယင်ကောင်" များအထိ ဖော်ထုတ်အရေးယူခဲ့သည်။

နိုင်ငံရေးဗျူရိုနှင့် ယင်း၏ အမြဲတမ်းကော်မတီဝင်ဟောင်းများ၊ အဆင့်မြင့် စစ်ဘက်အရာရှိကြီးများ အပါအဝင် လွန်ခဲ့သော နှစ်များစွာကတည်းက အနားယူသွားခဲ့သည့် အငြိမ်းစားအရာရှိကြီးများအထိ ဥပဒေကြောင်းအရ အရေးယူခဲ့ခြင်းဖြစ်သည်။

အဆိုပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ် တစ်နှစ်တည်း၌ပင် ဝန်ကြီးအဆင့်နှင့် ယင်းထက် ရာထူးအဆင့်မြင့်သော အရာရှိ ၁၁၅ ဦးကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပြည်သူများ၏ အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်စေသည့် မသမာမှုနှင့် အဂတိလိုက်စားမှုဆိုင်ရာ အမှုများတွင် ပါဝင်ပတ်သက်သူ ၆၂၇,၀၀၀ ဦးကို စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုများ ပြုလုပ်ခဲ့သည်။  အဆိုပါနှစ်အတွင်း၌ပင် တရုတ်နိုင်ငံသည် နယ်စပ်ဖြတ်ကျော် အဂတိလိုက်စားမှု ဖြစ်စဉ်ပေါင်း ၅၀၀ ကျော်ကိုလည်း စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261031/9483d4e4883f4b19919e4f926ca5b4ff/c.html

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ချွီကျင့်မြို့၊ လုလျန်ခရိုင်၊ ကျုံးပါ့ကျေးရွာ၌ စည်းကမ်းထိန်းသိမ်းရေးနှင့် စုံစမ်းစစ်ဆေးရေးအရာရှိများနှင့် ဒေသခံရွာသူရွာသားများ စကားပြောဆိုနေပုံကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

..................................

(English Version)

Xinhua Headlines: CPC advances Party self-governance with resolute anti-graft efforts

BEIJING, Oct. 30 (Xinhua) -- The Communist Party of China (CPC) remains resolute in its fight against corruption as part of broader efforts to advance full and rigorous Party self-governance, according to Party officials.

At a plenum that concluded Thursday, the CPC Central Committee adopted a resolution on persevering with full and rigorous Party self-governance, stressing the need to maintain a tough stance against corruption and strengthen checks on and oversight over the exercise of power.

The Fifth Plenary Session of the 20th CPC Central Committee also called for fortifying the cultural-ethical foundations for championing integrity and disdaining graft, and enhancing coordinated efforts to ensure that officials do not have the audacity, opportunity, or desire to commit corruption.

"The anti-graft fight remains a grave and complex challenge, and much remains to be done to eliminate the conditions and fertile ground that give rise to corruption," senior anti-graft official Zhang Fuhai said on Friday at a press conference held by the CPC Central Committee on the guiding principles from the plenum.

Since 2012, discipline inspection and supervisory organs across the country have filed 8.105 million cases and punished 7.922 million people, including 963 officials registered with and supervised by the CPC Central Committee, said Zhang, deputy secretary of the CPC Central Commission for Discipline Inspection and deputy head of the National Commission of Supervision.

China has over the years launched an unprecedented anti-graft campaign that has reached every level of the Party and government, netting both high-ranking "tigers" and lower-level "flies."

Some of the most senior officials -- including former members of the Political Bureau and its Standing Committee, senior military officials, and retirees who left their leading positions years ago -- have been brought to justice.

The campaign has continued unabated. In 2025 alone, 115 officials at ministerial level or above were placed under investigation, while 627,000 people were disciplined in cases involving misconduct and graft that affect the people's immediate interests. The same year, China also opened investigations into more than 500 cases of cross-border corruption.

https://english.news.cn/20261031/9483d4e4883f4b19919e4f926ca5b4ff/c.html

Photo caption 1: The Central Committee of the Communist Party of China (CPC) holds a press conference on the guiding principles from the fifth plenary session of the 20th CPC Central Committee on Oct. 30, 2026. (Xinhua/Zhang Xiaoyu)

Photo caption 2: Discipline inspection and supervision officers communicate with local villagers in Zhongba Village of Luliang County in Qujing City, southwest China's Yunnan Province, Feb. 24, 2026. (Photo by Wang Yong/Xinhua)

မူရင်းသတင်း — Xinhua Myanmar