အောက်တိုဘာ ၂၃
အီကွေဒေါနိုင်ငံ အင်ဒီးစ်တောင်တန်းဒေသရှိ ကိုတိုပါစီနှင့် ပီချင်ချာ ပြည်နယ်တို့မှ အကျဉ်းထောင်နှစ်ခုတွင် ယမန်နေ့က အဓိကရုဏ်းများ သီးခြားစီဖြစ်ပွားခဲ့ရာ အကျဉ်းသား ရှစ်ဦး သေဆုံးခဲ့ကြောင်း အကျဉ်းသားများနှင့် လူငယ်ပြစ်မှုကျူးလွန်သူများ စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားဝန်ဆောင်မှုဌာန အက်စ်အင်န်အေအိုင်က သတင်းထုတ်ပြန်ခဲ့သည်။
တရားဝင်ထုတ်ပြန်ချက်အရ လာတာကွန်ဂါမြို့ရှိ ကိုတိုပါစီ အမှတ် ၁ အကျဉ်းထောင်တွင် အကျဉ်းသား လေးဦးသေဆုံးခဲ့ပြီး မြို့တော်ကွီတိုရှိ အယ်လ်အင်ကာဟု လူသိများသည့် ပီချင်ချာ အမှတ် ၁ ယာယီထိန်းသိမ်းရေးစခန်းတွင်လည်း အကျဉ်းသားလေးဦး ထပ်မံသေဆုံးခဲ့သည်။
အဆိုပါဖြစ်စဉ်များအတွင်း အခြားလူ ၁၀ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း အက်စ်အင်န်အေအိုင်က ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို