Xinhua Myanmar

ဘော့ဆွာနာ-တရုတ် နှစ်နိုင်ငံ နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာ ဖော်ဆောင်သွားမည်ဟု ဘော့ဆွာနာ သမ္မတ ဆို

ဘော့ဆွာနိုင်ငံ မြို့တော်ဂါဘရွန်နေတွင် ကျင်းပသော “ဘော့ဆွာနာ-တရုတ် ချစ်ကြည်ရေးည” အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားနေသော ဘော့ဆွာနာနိုင်ငံ သမ္မတ Duma Gideon Boko ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဘရွန်နေ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

ဘော့ဆွာနာနိုင်ငံ သမ္မတ Duma Gideon Boko က ၎င်းအနေဖြင့် မကြာသေးမီက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်ခရီးစဉ်သည် အလွန်အောင်မြင်ကြောင်း၊ ဘော့ဆွာနာ-တရုတ် နှစ်နိုင်ငံသည် နိုင်ငံရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပြည်သူအချင်းချင်း ဖလှယ်မှု စသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

Duma Gideon Boko သည် ထိုနေ့က ဘော့ဆွာနာနိုင်ငံ မြို့တော်ဂါဘရွန်နေတွင် “ဘော့ဆွာနာ-တရုတ် ချစ်ကြည်ရေးည” အခမ်းအနား တက်ရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘော့ဆွာနာ-တရုတ် နှစ်နိုင်ငံသည် နှစ်ဖက်ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် နယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာ ဖော်ဆောင်သွားခြင်းက နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျကျ အကျိုးစီးပွား သယ်ဆောင်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ နည်းပညာကျွမ်းကျင်မှုနှင့် ဆန်းသစ်တီထွင်စွာ ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍ၌ အတွေ့အကြုံများက ဘော့ဆွာနာနိုင်ငံ လေ့လာအတုယူထိုက်ကြောင်း၊ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုများသည် အံ့ဖွယ်ဟု ခေါ်ဆိုထိုက်ကြောင်း Duma Gideon Boko က ဆိုခဲ့သည်။

ဘော့ဆွာနာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဖန့်ရုန်က တရုတ်နိုင်ငံအနေဖြင့် ဘော့ဆွာနာနိုင်ငံ နယ်ပယ်အသီးသီးနှင့်အတူ လက်တွဲ၍ တရုတ်-ဘော့ဆွာနာ နှစ်နိုင်ငံအကြီးအကဲများ ရရှိထားသည့် သဘောတူညီချက်များကို အစွမ်းကုန် အကောင်အထည်ဖော်ရန်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးနှင့် ကုသရေး၊ ပညာရေး စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် ဘော့ဆွာနာနိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် တရုတ်-ဘော့ဆွာနာ နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ်မှ လူပုဂ္ဂိုလ်များက အော်ပရာပြဇာတ်၊ ကဗျာစာသားရွတ်ဖတ်မှုနှင့် ကပြမှု စသည့် အစီအစဉ်များကို ဖျော်ဖြေတင်ဆက်ခဲ့ပြီး နှစ်နိုင်ငံ ယဉ်ကျေးမှု၏ ထူးခြားချက်များကို ပြသခဲ့သည်။

ယခုအကြိမ်အခမ်းအနားကို ဘော့ဆွာနာ-တရုတ် ချစ်ကြည်ရေးအသင်း၊ တရုတ်ချွီရိအနုပညာရှင်အသင်း၊ ဘော့ဆွာနာ စီးပွားရေးလုပ်ငန်းအသင်းချုပ်တို့မှ အတူတကွ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ ဘော့ဆွာနာအစိုးရ အရာရှိ၊ စက်မှုစီးပွားလောကနှင့် ယဉ်ကျေးမှုအနုပညာ နယ်ပယ်မှ ကိုယ်စားလှယ်များနှင့် ဒေသတွင်း တရုတ်လူမျိုး၊ တရုတ်နွယ်ဖွားများ လူဦးရေ ၃၀၀ ခန့် အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

ဘော့ဆွာနိုင်ငံ မြို့တော်ဂါဘရွန်နေတွင် ကျင်းပသော “ဘော့ဆွာနာ-တရုတ် ချစ်ကြည်ရေးည” အခမ်းအနားတွင် စီချွမ်းအော်ပရာဇာတ် မျက်နှာပြောင်းမှုအား တင်ဆက်ပြသနေသည့် တရုတ်ဖျော်ဖြေတင်ဆက်သူကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

博茨瓦纳总统:博中两国将在诸多领域深化合作

新华社哈博罗内11月1日电(记者郭春菊)博茨瓦纳总统博科10月31日表示,他日前对中国进行的国事访问非常成功,博中两国将在政治、贸易与投资、人文等领域深化合作。  

博科是当日在博首都哈博罗内出席“博茨瓦纳-中国友好之夜”活动时作上述表示的。他说,博中两国将双边关系提升为全面战略合作伙伴关系,双方在诸多领域深化合作将为两国人民带来实实在在的利益。  

博科表示,中国在技术专长和创新发展方面的经验值得博茨瓦纳借鉴,中国减贫和经济社会发展成就堪称奇迹。  

中国驻博茨瓦纳大使范勇说,中方已准备好与博方各界携手,全力落实中博两国元首达成的共识,加强数字经济、农业、畜牧业、医疗卫生、教育等领域合作,助力博方经济社会发展。  

活动上,中博两国文化艺术界人士分别表演了曲艺、诗歌朗诵与舞蹈等节目,展示两国文化特色。  

此次活动由博茨瓦纳-中国友好协会、中国曲艺家协会、博茨瓦纳商会共同主办。博茨瓦纳政府官员、工商界和文化艺术界代表,以及当地华侨华人等约300人出席活动。(完)

图说1:10月31日,在博茨瓦纳首都哈博罗内,博茨瓦纳总统博科出席“博茨瓦纳-中国友好之夜”活动并发表主旨讲话。新华社发(策基索·特巴洛摄)

图说2:10月31日,在博茨瓦纳首都哈博罗内,中国表演者在“博茨瓦纳-中国友好之夜”活动上表演川剧变脸。新华社发(策基索·特巴洛摄)

မူရင်းသတင်း — Xinhua Myanmar