မင်းဘူး နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်၌ မင်းဘူးခရိုင်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား (၅)မြို့နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို အောက်တိုဘာ ၃၁ ရက်က မင်းဘူးမြို့ ခရိုင်အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲတွင် မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲနှင့် စေတုတ္တရာမြို့နယ်တို့မှ ပြိုင်ပွဲဝင်အသင်းများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသမီး သုံးယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ငဖဲမြို့နယ်အသင်းနှင့် ပွင့်ဖြူမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ငဖဲမြို့နယ်အသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရပြီး ပထမဆုရရှိခဲ့သည်။ အလားတူ အမျိုးသားလေးယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် မင်းဘူးမြို့နယ်အသင်းနှင့် စလင်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စလင်းမြို့နယ်အသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရပြီး ပထမဆုရရှိခဲ့သည်။
မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက် အမျိုးသား/အမျိုးသမီး တစ်ဦးချင်း အကောင်းဆုံးအားကစားသမားဆုများနှင့် ပြိုင်ပွဲတွင် ဆုရရှိသော အသင်းများအား ဆုဆွဲပြား၊ ငွေသားဆုနှင့် ဆုဖလားများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)