ရန်ကုန် နိုဝင်ဘာ ၁
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်တို့ကကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆ - ၂၀၂၇ ရာသီ Grand Royal M-League II ပြိုင်ပွဲ ပွဲစဉ်(၃) နောက်ဆုံးနေ့ကို နိုဝင်ဘာ ၁ ရက်က ပဒုမ္မာကွင်း၌ ဆက်လက်ကျင်းပရာ တက္ကသိုလ်အသင်းက မနောအသင်းကို လေးဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
အမှတ်ပေးဇယားထိပ်ဆုံးမှ တက္ကသိုလ်အသင်း နောက်ထပ်ဂိုးပြတ်အနိုင်ရလဒ်ဖြင့် သုံးပွဲဆက်အနိုင်ရရှိကာ ဆက်လက်ဦးဆောင်လျက်ရှိသည်။ ကချင်ယူနိုက်တက်အသင်းကို အမည်ပြောင်းထားသည့် မနောအသင်း ရုန်းကန်နေရပြီး နိုင်ပွဲမရသေးပေ။ တက္ကသိုလ်အသင်းအတွက် အနိုင်ဂိုးများကို ၁၆ မိနစ်တွင် ရှိုင်းထက်အောင်-၂၊ မိနစ် ၂၀ တွင် ဝင်းဝင်းထွန်း၊ ၅၉ မိနစ်တွင် မိုင်ဒူခေါင်၊ ၈၆ မိနစ်တွင် အောင်မြင့်မြတ်တို့က သွင်းယူသည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို တက္ကသိုလ်အသင်းမှ အောင်မြင့်မြတ်က ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။
ပွဲစဉ်(၃)အပြီးတွင် တက္ကသိုလ်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းက ကိုးမှတ်စီ၊ VUE နေပြည်တော်အသင်းက ခုနစ်မှတ်၊ Junior Lions အသင်းက ခြောက်မှတ်၊ ရွိုင်ရယ်ဒဂုံအသင်းနှင့် ရာမညယူနိုက်တက်အသင်းက ငါးမှတ်စီ၊ မနောအသင်းက တစ်မှတ်ရထားပြီး Asia Lion အသင်း၊ Enjoy Brother အသင်းနှင့် Elite Kings အသင်းတို့က သုံးပွဲစလုံးရှုံးပြီး အမှတ်မရသေးပေ။
သတင်း - ညီမြတ်သော်တာ၊ ဓာတ်ပုံ - MLeague