Xinhua Myanmar

OPEC+ အဖွဲ့က ဒီဇင်ဘာတွင် ရေနံထုတ်လုပ်မှုပမာဏကို သုံးလဆက်တိုက် မပြောင်းလဲဘဲ ဆက်လက်ထိန်းသိမ်း

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့(OPEC) ရုံးချုပ်ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်နာ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့(OPEC)နှင့် ၎င်း၏မဟာမိတ်နိုင်ငံများပါဝင်သော OPEC+ အဖွဲ့သည် ရေနံထုတ်လုပ်မှုပမာဏကို သုံးလဆက်တိုက် မပြောင်းလဲဘဲ ဒီဇင်ဘာလတွင်လည်း ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း OPEC အဖွဲ့က နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန်သည့်ကြေညာချက်၌ ဖော်ပြခဲ့သည်။

ဆော်ဒီအာရေဗျ၊ ရုရှား၊ အီရတ်၊ ကူဝိတ်၊ ကာဇက်စတန်၊ အယ်လ်ဂျီးရီးယားနှင့် အိုမန်နိုင်ငံတို့ အပါအဝင် OPEC+ အဖွဲ့ဝင် ခုနစ်နိုင်ငံသည် ကမ္ဘာ့ရေနံဈေးကွက်အခြေအနေနှင့် ရှေ့အလားအလာများကို အွန်လိုင်းမှတစ်ဆင့် သုံးသပ်ဆွေးနွေးခဲ့ကြပြီးနောက် ယခုဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ပါဝင်ဆောင်ရွက်နေသည့် ခုနစ်နိုင်ငံသည် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအတွက် ရေနံထုတ်လုပ်မှုပမာဏကို ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် သတ်မှတ်ထားသည့် ပမာဏအတိုင်း ဆက်လက်ထိန်းသိမ်းရန် ဆုံးဖြတ်ခဲ့ကြသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

သဘောတူညီချက်အရ အဆိုပါနိုင်ငံ ခုနစ်နိုင်ငံသည် ဒီဇင်ဘာတွင် သတ်မှတ်ထားသော စုပေါင်းရေနံထုတ်လုပ်မှုပမာဏကို တစ်ရက်လျှင် စည်ပေါင်း ၃၁.၀၁ သန်း ခန့်အထိ ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်သည်။ ဆော်ဒီအာရေဗျ၏ သတ်မှတ်ထုတ်လုပ်မှုပမာဏမှာ တစ်ရက်လျှင် စည်ပေါင်း ၁၀.၄၈ သန်း၊ ရုရှားနိုင်ငံ၏ ထုတ်လုပ်မှုကို ၉.၉၅ သန်းနှင့် အီရတ်နိုင်ငံ၏ ထုတ်လုပ်မှုကို ၄.၄၃ သန်း အသီးသီး သတ်မှတ်ထားရှိမည်ဖြစ်သည်။

အဆိုပါနိုင်ငံများသည် ယခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ လစဉ် ရေနံထုတ်လုပ်မှုကို တိုးမြှင့်ခဲ့ကြသော်လည်း အောက်တိုဘာလတွင် ထုတ်လုပ်မှုတိုးမြှင့်မှုကို ခေတ္တရပ်ဆိုင်းခဲ့ပြီး နိုဝင်ဘာလတွင်လည်း ထုတ်လုပ်မှုပမာဏအတိုင်း မပြောင်းလဲဘဲ ဆက်လက်ထားရှိခဲ့ကြခြင်းဖြစ်သည်။

ဈေးကွက်အခြေအနေများကို သုံးသပ်ရန်အတွက် အဆိုပါခုနစ်နိုင်ငံသည် လာမည့် နိုဝင်ဘာ ၂၉ ရက်တွင် နောက်ထပ် အစည်းအဝေး ပြုလုပ်သွားမည်ဖြစ် ကြောင်း OPEC အဖွဲ့က ပြောကြားခဲ့သည်။ (Xinhua)

…………….

(English Version)

OPEC+ to maintain oil output for 3rd consecutive month in December

VIENNA, Nov. 1 (Xinhua) -- The Organization of the Petroleum Exporting Countries (OPEC) and its allies, known as OPEC+, will keep their oil output levels unchanged for the third consecutive month in December, OPEC said in a statement on Sunday.

Seven OPEC+ countries, including Saudi Arabia, Russia, Iraq, Kuwait, Kazakhstan, Algeria and Oman, announced the decision after a virtual meeting to review global market conditions and the outlook.

"The seven participating countries decided to maintain September 2026 required production for December 2026," the statement noted.

Under the agreement, the seven countries will maintain their combined required production level at approximately 31.01 million bpd in December. Saudi Arabia's required production level will remain at 10.48 million bpd, followed by Russia at 9.95 million bpd and Iraq at 4.43 million bpd.

They had been raising oil output on a monthly basis from April to September this year. They paused the increases in October and kept November's output unchanged.

OPEC said the seven countries will hold their next meeting on Nov. 29 to review market conditions.

Photo caption: Photo taken on Oct. 5, 2022 shows the headquarters of the Organization of the Petroleum Exporting Countries (OPEC) in Vienna, Austria. (Photo by Wang Zhou/Xinhua)

မူရင်းသတင်း — Xinhua Myanmar