Xinhua Myanmar

စီချွမ်းပြည်နယ် ထန်ကျားဟယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန်တွင် တောရိုင်းတိရစ္ဆာန်လေးများနှင့် တွေ့ဆုံခြင်း

.

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကွမ်ယွမ်မြို့ ချင်းချွမ်းခရိုင်အတွင်းရှိ ထန်ကျားဟယ် အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန် တောအုပ်အတွင်း လှုပ်ရှားသွားလာနေသော မက္ကာကွေမျောက် သားအမိကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချင်းချွမ်း (စီချွမ်း)၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

ထန်ကျားဟယ် အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန်သည် တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကွမ်ယွမ်မြို့ ချင်းချွမ်းခရိုင်အတွင်း၌ တည်ရှိသည်။ ယင်းသည် စီချွမ်းအနောက်မြောက်ကုန်းပြင်မြင့်မှ စီချွမ်းချိုင့်ဝှမ်းဒေသသို့ ဆက်စပ်ရာ ကုန်းပြင်မြင့်လျှိုမြောင်ဒေသ၌ တည်ရှိသဖြင့် တောရိုင်းတိရစ္ဆာန်နှင့် အပင်အရင်းအမြစ်များ ကြွယ်ဝသည်။ ထူထပ်သောတောအုပ်အတွင်း ဖြတ်သန်းသွားလာရာ၌ လူများက တောရိုင်းတိရစ္ဆာန်လေးများနှင့် မထင်မှတ်ဘဲ တွေ့ဆုံမှုများလည်းရှိနိုင်ပါသည်။ (Xinhua)

---------------------

(Chinese Version)

在四川唐家河邂逅山野“精灵”

新华社照片,青川(四川),2026年11月1日

唐家河国家级自然保护区位于四川省广元市青川县境内,地处川西北高原向四川盆地过渡的高山峡谷地带,野生动植物资源丰富。行走在密林间,人们可与山野“精灵”不期而遇。

图说1:10月31日,一只带着幼崽的藏酋猴在唐家河国家级自然保护区树林中活动。 新华社记者 江宏景 摄

图说2:10月30日,在唐家河国家级自然保护区,一只果子狸行走在公路上。新华社记者 江宏景 摄

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကွမ်ယွမ်မြို့ ချင်းချွမ်းခရိုင်အတွင်းရှိ ထန်ကျားဟယ် အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန်တွင် လမ်းမပေါ် သွားလာနေသော ကြောင်ဝံပိုက်တစ်ကောင်အား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မူရင်းသတင်း — Xinhua Myanmar