MyTech Myanmar

OpenAI CEO က လူတွေရဲ့ ကိုယ်ပိုင် ကွန်ပျူတာတွေမှာ RAM မထည့်ဘဲ ဒေတာစင်တာတွေမှာ သုံးသင့်တယ်လို့ပြော

OpenAI ရဲ့ စီအီးအို Sam Altman က ကမ္ဘာပေါ်မှာ ကန့်သတ်ချက်ရှိနေတဲ့ ကွန်ပျူတာ မှတ်ဉာဏ်တွေကို တစ်ချိန်လုံး အလုပ်မလုပ်ဘဲ ပစ်ထားတဲ့ ကိုယ်ပိုင်ကွန်ပျူတာတွေမှာ သုံးတာထက် ဒေတာစင်တာတွေမှာ ပိုပြီး အကျိုးရှိရှိ သုံးသင့်တယ်လို့ ပြောခဲ့ပါတယ်။

 

“လူတိုင်းရဲ့ ကိုယ်ပိုင်ကွန်ပျူတာတွေထဲမှာ ကမ္ဘာ့ကန့်သတ်ချက်ရှိတဲ့ DRAM မှတ်ဉာဏ်တွေ အစုလိုက်အပြုံလိုက် ရှိနေပြီး ၅ ရာခိုင်နှုန်းလောက်ပဲ အသုံးချခံနေရတာဟာ တကယ်ကို ဆိုးရွားပါတယ်” လို့ Sam Altman က ပြောကြားခဲ့ပါတယ်။ DRAM ဆိုတာကတော့ ကွန်ပျူတာတွေမှာ RAM အဖြစ် အများဆုံးသုံးတဲ့ မှတ်ဉာဏ်အမျိုးအစား ဖြစ်ပါတယ်။

 

လူအများစုဟာ ကွန်ပျူတာအရင်းအမြစ်တွေကို အတူတကွ မျှဝေသုံးစွဲနိုင်မယ့် Cloud ဒေတာစင်တာတွေမှာ အဲဒီမှတ်ဉာဏ်တွေကို ပိုပြီး သုံးသင့်တယ်လို့ သူက ယုံကြည်နေပါတယ်။ သူ့ရဲ့ အဲဒီလို မှတ်ချက်ပေးမှုတွေဟာ AI ကုမ္ပဏီတွေက ဒေတာစင်တာတွေကို ပိုပြီး တည်ဆောက်လာကြပြီး ကွန်ပျူတာ မှတ်ဉာဏ်တွေအတွက် လိုအပ်ချက် မြင့်တက်လာချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Ref : Technology Innovation

မူရင်းသတင်း — MyTech Myanmar