
နိုဝင်ဘာ ၁ ရက်တွင် ထားဝယ်၊ ကျောက်ဆည်(လွန်ကျော်)၊ မုဒုံ၊ ကန့်ဘလူ၊ ကလေးဝနှင့် ခန္တီးမြို့တို့တွင် အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးဇလမှ သိရသည်။
နိုဝင်ဘာ ၁ ရက်တွင် ထားဝယ်မြို့၌ စခန်းဖွင့်လှစ်သည့်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း ၈၀ အတွင်း အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၃၇ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၇ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အထိ၊ ကျောက်ဆည်(လွန်ကျော်)၌ စခန်းဖွင့်လှစ်သည့်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း ၅၃ နှစ် အတွင်း အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၃၆ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၆ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အထိ၊ မုဒုံမြို့၌ စခန်းဖွင့်လှစ်သည့်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း ၄၆ နှစ်အတွင်း အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၃၆ ဒသမ ၀၁ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၆ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
အလားတူ ကန့်ဘလူမြို့နယ်တွင် စခန်းဖွင့်လှစ်သည့်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း ၃၅ အတွင်း အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၃၅ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၅ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်အထိ၊ ကလေးဝမြို့တွင် စခန်းဖွင့်လှစ်သည့်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း ၆၂ နှစ်အတွင်း အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၃၄ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၅ ဒီဂရီဆဲလ်စီးယပ်အထိ၊ ခန္တီးမြို့တွင် စခန်းဖွင့်လှစ်သည့်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း ၆၁ နှစ် အတွင်း အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၃၄ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၄ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ကြောင်း မိုးဇလမှ သိရသည်။