



ရန်ကုန်၊ နိုဝင်ဘာ ၂
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကုလားကြီးစုကျေးရွာအနီး အမှတ် (၅) လမ်းမပေါ်ရှိ ဒဂုံဧရာကားဝန်းဝင်ပေါက်တွင် ယနေ့ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် မွန်းလွဲ ၂ နာရီခန့်က မော်တော်ယာဉ်နှစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကုလားကြီးစုကျေးရွာ၊ အမှတ် (၅) လမ်းမအတိုင်း ကြည့်မြင်တိုင်မြို့နယ်နေ ဦးသက်စိုးဦး (၄၃) နှစ် မောင်းနှင်လာသည့် YGN-44, 8E-4787 I-ZONE (အဖြူရောင်) ယာဉ်သည် အရှေ့မှအနောက်သို့ မောင်းနှင်လာစဉ် မျက်နှာချင်းဆိုင်ယာဉ်ကြောမှ ကြံခင်းမြို့နယ်နေ ဦးရီဝေယံဦး (၃၄) နှစ် မောင်းနှင်လာသော BGO-11, 4Q-4395 KING LONG (အဖြူရောင်) ယာဉ်က ဒဂုံဧရာကားဝန်းအတွင်းသို့ ကွေ့ဝင်စဉ် ယာဉ်၏နောက်ပိုင်းအား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ လှိုင်သာယာ(အနောက်ပိုင်း)မြို့မရဲစခန်းမှ တာဝန်မှူး ဦးစီးအဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် I-ZONE ယာဉ်မောင်း ဦးသက်စိုးဦးတွင် ယာဘက်ခြေထောက် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် အငှားယာဉ်ဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးခဲ့ပြီး၊ KING LONG ယာဉ်မောင်းဖြစ်သူ ဦးရီဝေယံဦးအား ယာဉ်မှုစစ် ထံသို့ လွှဲပြောင်းပေးအပ်ကာ ဥပဒေအရ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#News #Myanmar