Myanmar Transparency News

မြေအောက်ရေကန်ထဲ ရေလှမ်းခပ်ရာမှ အဘိုးအိုတစ်ဦးပြုတ်ကျသေဆုံးမှု အင်းစိန်တွင် ဖြစ်ပွား

၂.၁၁. ၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၃)၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ အမှတ် (၇၄) ခြံဝန်းရှိ မြေအောက်ရေကန်တွင် အဘိုးအိုတစ်ဦး ရေလှမ်းခပ်ရာမှ ရေကန်ထဲပြုတ်ကျသေဆုံးမှု နိုဝင်ဘာလ ၂ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးထံမှ သိရသည်။

ဖြစ်စဥ်မှာ အလျား ပေ ၂၀၊ အနံ ပေ ၂၀၊ အနက် ၁၀ ပေခန့်ရှိသော မြေအောက်ရေကန်ထဲမှ ရေကို အသက် ၇၅ နှစ်အရွယ် ဦးဝင်းတင်က ရေကန်ပေါ်မှ ခပ်ရာ အရှိန်လွန်ကာ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေကန်ထဲပြုတ်ကျသူကို အင်းစိန်မြို့နယ် မီးသတ်စခန်းမှ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရာ မိနစ် ၃၀ ကျော်အကြာတွင် ကယ်ဆယ်နိုင်ခဲ့သည်။

ရေနစ်သေဆုံးသူ၏ အဘိုအို၏ရုပ်အလောင်းကို ကနောင်လူမှုကူညီရေးအသင်းယာဉ်ဖြင့် အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News