
ပေကျင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အထူးသံတမန်၊ အထူးကိုယ်စားလှယ်များသည် အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့နှင့် ပင်လယ်နီ၊ အာဖရိကဦးချိုဒေသ ဒေသတွင်းနိုင်ငံများသို့ အလည်အပတ်ခရီးစဥ် သွားရောက်မည် ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က နိုဝင်ဘာ ၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သက်ဆိုင်ရာအခြေအနေများ မိတ်ဆက်ပြောကြားခဲ့သည်။
မော်နင်က သမ္မတ ရှီကျင့်ဖိန်၏ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို မြှင့်တင်ရန်အတွက် အဆိုပြုထားသော အဆိုပြုချက်၊ ရပ်တည်ချက်နှင့် ဘက်အသီးသီးက အာဖရိကအဓိကကိစ္စရပ်များ ဖြေရှင်းမှုတွင် အပြုသဘောဆောင်စွာ ပါဝင်ရန် အခြေခံမူ ၄ ရပ်အား အကောင်အထည်ရန်အတွက် တရုတ်နိုင်ငံအစိုးရ အရှေ့အလယ်ပိုင်းအရေး အထူးသံတမန် ကျိုင်ကျွင့်သည် နိုဝင်ဘာ လဆန်းနှင့် လလယ်ပိုင်းတွင် အီရန်၊ အိုမန်၊ ဆော်ဒီအာရေဗျ သို့လည်းကောင်း၊ တရုတ်နိုင်ငံအစိုးရ အာဖရိကအရေး အထူးကိုယ်စားလှယ် လျိုရှန်ဖာသည် နိုဝင်ဘာလ လဆန်းနှင့် လလယ်ပိုင်းတွင် အီသီယိုးပီးယား၊ ဂျီဘူတီ၊ အီဂျစ်သို့လည်းကောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာဖရိကဦးချိုဒေသအရေး အထူးသံတမန် ဟူချန်ချွမ်းသည် နိုဝင်ဘာ လဆန်းပိုင်းတွင် အီရီထရီးယားသို့လည်းကောင်း ခရီးစဉ်သွားရောက်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံ အထူးသံတမန်၊ အထူးကိုယ်စားလှယ်များက တစ်ချိန်တည်းတွင် ဒေသတွင်းနိုင်ငံများအကြား ခရီးစဉ်သွားရောက်ခြင်းဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်း မြှင့်တင်ရန်၊ အခြေအနေ အရှိန်ပြေလျော့လာစေရန်ဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းရန်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှ ပါဝင်နေပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
中方特使、特代将分赴中东海湾等地区国家穿梭访问
新华社北京11月2日电(记者曹嘉玥、邵艺博)中方特使、特代将分赴中东海湾和红海、非洲之角地区国家穿梭访问。外交部发言人毛宁2日在例行记者会上介绍有关情况。
毛宁说,为落实习近平主席就促进中东地区和平安全提出的系列倡议主张以及各方建设性参与非洲热点问题解决的4条原则,中国政府中东问题特使翟隽将于11月上中旬访问伊朗、阿曼、沙特,中国政府非洲事务特别代表刘显法将于11月上中旬访问埃塞俄比亚、吉布提、埃及,外交部非洲之角事务特使胡长春将于11月上旬访问厄立特里亚。
“中方特使、特代同一时间分赴地区国家穿梭访问,旨在劝和促谈、缓局降温,为维护地区和平稳定发挥建设性作用。”毛宁说。(完)