
ပေကျင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် အီရန် ထိပ်တန်း အမျိုးသားလုံခြုံရေးကောင်စီ (SNSC) ဒုတိယအတွင်းရေးမှူး Ali Bagheri Kani နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် နိုဝင်ဘာ ၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက လက်ရှိ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲများ ကာလကြာရှည် ဖြစ်ပေါ်ပြီး စစ်မီးအရှိန်များသည် ဒေသအပြင်ဘက်သို့ ယိုလျှံသက်ရောက်မှုများ ကျယ်ပြန့်လာရာ တွေ့ဆုံဆွေးနွေးခြင်းသည်သာ ဖြေရှင်းသည့်နည်းလမ်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းအခြေအနေ အရှိန်ပြေလျော့ရေးနှင့်စပ်လျဉ်း၍ သမ္မတ ရှီကျင့်ဖိန် အဆိုပြုထားသည့် အဆိုပြုချက်နှင့် ရပ်တည်ချက်များကို ဆက်လက် လက်ကိုင်ထားကာ ဘက်ပေါင်းစုံနှင့်အတူ ဒေသတွင်း ပြန်လည်ငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အီရန်နိုင်ငံက မိမိအချုပ်အခြာအာဏာနှင့် လုံခြုံရေးအား ကာကွယ်ထိန်းသိမ်းခြင်းကို ထောက်ခံကြောင်း၊ တရုတ်-အီရန် ဆက်ဆံရေး ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ali Bagheri Kani က အီရန်နိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် အဆိုပြုချက်၊ ရပ်တည်ချက်များနှင့် တရုတ်နိုင်ငံက နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကာကွယ်ထိန်းသိမ်းသော အစဉ်တစ်စိုက် ရပ်တည်ချက်ကို တန်ဖိုးထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

-----------------------------
(Chinese Version)
王毅会见伊朗最高国家安全委员会副秘书巴盖里
新华社北京11月2日电(记者马卓言)11月2日,中共中央政治局委员、中央外办主任王毅在北京会见伊朗最高国家安全委员会副秘书巴盖里。
王毅表示,当前中东地区战事延宕、外溢扩散,对话谈判才是解决之道。中方愿秉持习近平主席就缓和中东局势提出的一系列倡议和主张,同各方一道继续为恢复地区和平作出努力。中方支持伊朗维护自身主权和安全,愿推动中伊关系继续发展。
巴盖里表示,伊方赞赏习近平主席提出的倡议主张和中方维护多边主义的一贯立场,期待中方为国际地区和平发挥更重要作用。(完)
图说:11月2日,中共中央政治局委员、中央外办主任王毅在北京会见伊朗最高国家安全委员会副秘书巴盖里。 新华社记者 田宇 摄